မမုံကိုင်ကျေးရွာမှာ   ရှော့တိုက်ဒုန်းကျပြီး နေအိမ်(၁)လုံးထိခိုက်ခဲ့

မတ် ၂၆ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ အနောက်ကမ်းကျေးရွာရှိ  မမုံကိုင်ကျေးရွာအတွင်း ကို မတ်လ(၂၄)ရက်နေ့ ညပိုင်းမှာ ရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲပြီး နေအိမ်(၁)လုံးထိခိုက်ပျက်စီးခဲ့တယ်လို့  ဒေသခံများထံမှ သိရပါတယ်။

တစ်ချိန်တည်းမှာ ရှော့တိုက်ဒုန်း (၂)လုံးကျရောက်ခဲ့ကာ တစ်လုံးက နေအိမ်ပေါ်နဲ့ နောက်ထပ်တစ်လုံးက ကျေးရွာရဲ့ နတ်ကြီးစင်ဘက်ခြမ်းကို ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

 စာသင်ကျောင်းနဲ့မနီးမဝေးနေရာရှိ ရွာအလည်ခေါင်ရှိ နေအိမ်တစ်လုံးမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အိမ်အရှေ့ခြမ်းပျက်စီးသွားခဲ့တာဖြစ်တယ်လို့ ဖြစ်စည်ကိုသိရှိသူ မမုံကိုင်ကျေးရွာအနီးနေထိုင်သူတစ်ဦးက ပြောပြပါတယ်။

အိမ်အကုန်လုံးပျက်သွားတာတော့မဟုတ်ဘူး  အရှေ့ခြမ်းထိသွားတာ  မီးခိုးတွေတော့တော်တော်အူသွားတယ် လူတွေတော့ မီးဖိုချောင်ဘက်နေထားလို့ ထိခိုက်တဲ့သူတော့မရှိသွားပါဘူး ရွာထဲကျတဲ့အလုံးက အပေါ်ကနေ ပေါက်ကွဲပြီး အိမ်ကိုကျတာ ‘ဟု သူကဆိုပါတယ်။

ဒီရှော့တိုက်ဒုန်းက KIA+PDFပူးပေါင်းတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

ဒီကိစ္စဖြစ်ပွားပြီးနောက် ပျက်စီးခဲ့တဲ့နေအိမ်အနီးဝန်းကျင် နေထိုင်သူအားလုံးကို  ကျေးရွာ အာဏာပိုင် တာဝန်ရှိသူများက ယာယီပြောင်းရွှေ့ခိုင်းထားတယ်လို့  သိရပါတယ်။

မမုံကိုင်ကျေးရွာကို လက်နက်ကိုင်တပ်ဖွဲ့များဖြစ်တဲ့ ဌာနေပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တပ်ဖွဲ့ရဲ့ ကျားဖြူစစ်ကြောင်းက  ထိန်းချုပ်ထားတာဖြစ်ပြီး ကျေးရွာအနီးမှာ KPDF ပူးပါင်းတပ်ဖွဲ့တို့လည်း လှုပ်ရှားမှုရှိနေပါတယ်။

အင်းတော်ကြီးဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ကျားဖြူစစ်ကြောင်းက  (၂၀၂၅)ခုနှစ်ကစတင်ကာ ထိုးစစ်ဆင်နေတာဖြစ်ပြီး မမုံကိုင်ကျေးရွာအပါအဝင် အနီးကျေးရွာတွေထဲ နှစ်ဖက်ပစ်ခတ်တဲ့ လက်နက်ကြီး၊လက်နက်ငယ်ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူနဲ့နေအိမ်ပျက်စီးမှုတွေ မကြာခနဖြစ်ပွားနေပါတယ်။

အင်းတော်ကြီးဒေသရဲ့ ထက်ဝက်ကို ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ ကျားဖြူစစ်ကြောင်း၊ ဌာနေပြည်သူ့စစ်အဖွဲ့ ၊ စစ်ကော်မရှင်တပ် တို့က ထိန်းချုပ်ထားသလို ကျန်တစ်ဝက်နီးပါးကိုတော့ KIA+PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်စိုးမိုးထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *