

ဩဂုတ် ၁၈ ၊ နေပြည်တော်
စစ်တပ်ကပြုလုပ်မည့် ရွေးကောက်ပွဲဟာ အပိုင်းလိုက်ပြုလုပ်သွားမှာဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့ တွင် စတင်ပြုလုပ်သွားမည်လို့ ကြေညာလိုက်ပါတယ်။
ဩဂုတ်လ ၁၈ နေ့ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ စတင်ကျင်းပမည့်ရက်ကို သတ်မှတ်ကြေညာလိုက်တာလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသွားမည်လို့ ဩဂုတ်လ ၁၆ ရက်နေ့က ကြေညာထားခဲ့ပြီး နိုင်သူအကုန်ယူစနစ် (FPTP ) စနစ် နဲ့ အချိုးကျကိုယ်စားပြုစနစ်တွေနဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။