ရှမ်းနီဒေသအတွင်းပညာရေးကျန်းမာရေးတို့တွင်  အကြမ်းဖက်သတ်ဖြတ်မှုတွေကိုရှမ်းနီအမျိုးသားညီလာခံကနေရှုံ့ချ 

ဟုမ္မလင်းမြို့တွင်ကျင်းပခဲ့သည့် ရှမ်းနီအမျိုးသားညီလာခံ ပုံရိပ်

ဩဂုတ် ၂၃ ၊ ဟုမ္မလင်း 

ဒုတိယအကြိမ် ရှမ်းနီအမျိုးသားညီလာခံကနေ ရှမ်းနီဒေသအတွင်းမှာ ပညာရေး ၊ ကျန်းမာရေး ကဏ္ဍတွေမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရှုံ့ချကြောင်း ကြေညာခဲ့ပါတယ်။ 

“ ဟုမ္မလင်းမြို့နယ်နှင့်တကွ တခြားသော ရှမ်းနီလူမျိုးတွေနေထိုင်ရာ ဒေသတွေမှာ  ပညာရေး၊ ကျန်းမာရေးစသည် အရေးများစွာမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို  ဒုတိယအကြိမ် ရှမ်းနီအမျိုးသားညီလာခံကို တက်ရောက်လာကြတဲ့ဆရာတော်အရှင်သူမြတ်များနှင့် ညီလာခံကိုယ်စားလှယ်တွေက လုံးဝလုံးဝရှုံ့ချပါကြောင်းကြေညာပါတယ်” လို့ ဆိုပါတယ်။ 

ရှမ်းနီဒေသတွင်းမှာ ရှမ်းနီ စာပေယဉ်ကျေးမှု ကော်မတီနာယက ၊ ရှမ်းနီစာပေယဉ်ကျေးမှု လူငယ်များကို ဖမ်းဆီးခံရမှု ၊ သတ်ဖြတ်ခံရမှုတွေက ၂၀၂၂ ခုနှစ်မှာ ပိုဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ရှမ်းနီအမျိုးသားညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့ မြို့တော်ခန်းမမှာဩဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီညီလာခံကနေ သဘောတူညီမှု သုံးချက်ဖြစ်တဲ့ ရှမ်းနီ အမည် ကို တိုင်းလျန်(ရှမ်းနီ) ၊ ရှမ်းနီအလံ ကို ဖွဲ့စည်းထားတဲ့ ကော်မတီက ဆက်လက်ဆောင်ရွက်ဖို့  နဲ့ အမျိုးသားနေ့ သတ်မှတ်နိုင်ရေး ကော်မတီတစ်ရပ်အတွက်  ရဟန်းတော် ၄ ပါး နှင့်  လူပုဂ္ဂိုလ် ၁၅ ဦးဖြစ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ 

ဒီညီလာခံကို ရဟန်းသံဃာတော် ၆၄ ပါး နှင့် ဟုမ္မလင်းမြို့နယ် နဲ့ နယ်ပယ်အသီးသီးမှ  လူပုဂ္ဂိုလ်  ၉၈၅ ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *