



ဇွန် ၇ ၊ ပုလဲ
အညာဒေသမှာ ပထမဆုံးအဖြစ် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်တစ်စီးကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်_PLA က ဒီနေ့ နေ့လည်ပိုင်းမှာ ပစ်ချခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်းမှာ လေကြောင်းပစ်ကူလဲတာ ဂျက်ဖိုက်တာပစ်ချခဲ့တာဖြစ်ပြီး လေယာဉ်ဟာ မီးလောင်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
PLA ရဲ့ ထုတ်ပြန်တဲ့ ရုပ်သံအရ မီးလောင်နေတဲ့ လေယာဉ်ကိုယ်ထည် နဲ့ ပျက်စီးတဲ့အပိုင်းအစတွေဖြစ်တဲ့ လေယာဉ်ဘီး ၊ ကိုယ်ထည် တွေဟာ ကျေးရွာအတွင်းမှာ ပျံ့ကျဲနေတာလည်းဖြစ်ပါတယ်။
ပစ်ချခဲ့တဲ့ ဖြစ်စဉ်ကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း စစ်ကောင်စီရဲ့ ထောက်ပို့ရဟက်ယာဉ် တစ်စီးကို ဗန်းမော်မြို့နယ်အတွင်းမှာ KIA က အသေခံ Drone တွေနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လေယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး လေယာဉ်မှူး အပါအဝင် တပ်သားတွေလည်း သေဆုံးခဲ့ပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။
