


အောက်တိုဘာ ၁၆ ၊ လွိုင်တိုင်းလျန်း
၁၀ စုနှစ်တစ်ခုအတွင်းမှာ အပစ်ခတ်ရပ်စဲရေးစာချုပ်ပါအတိုင်း အကောင်အထည်မဖော်ဆောင်နိုင်တာဟာ အပြန်အလှန် ယုံကြည်မှုမတည်ဆောက်နိုင်တာကြောင့်လို့ RCSS/SSA က ဒီကနေ့မှာ ထောက်ပြလာပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က NCA ၁၀ နှစ်ပြည့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။
ယုံကြည်မှုမတည်ဆောက်နိုင်တာ ၊ ဘဘောတူစာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်တာ၊ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက်ရောက်ရှိရေးအတွက် အစိုးရတွေက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပေါ် ဖိအားပေးခဲ့တာကြောင့်လို့ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွေကြောင့် ( မူရင်း- တိုင်းပြန်အာဏာထိန်းချုပ်) လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားခဲ့တာလို့ ထောက်ပြပြောဆိုထားပါတယ်။
ရည်မှန်းထားတဲ့အတိုင်း အောင်မြင်လာဖို့ဆိုရင်တော့ စစ်တပ်နဲ့ EAOs တွေကြား ယုံကြည်မှုတည်ဆောက်တာ၊ ဆွေးနွေးပွဲတွေပြုလုပ်ပြီး သဘောတူညီချက်ရယူတာတွေလုပ်သင့်ကြောင်းဆိုပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖက်ဒရယ်မူကို အဓိကထားဆွေးနွေးဖို့ပြောဆိုထားပါတယ်။
NCA ၁၀ နှစ်ပြည့်လာချိန်အထိ စာချုပ်ပါအတိုင်းအကောင်အထည် ဖော်ဆောင်ဖို့ အချိန်နောက်ကျနေကြောင်းကို မနေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားပါတယ်။