ကန်ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးဖြင့် TikTok ရောင်းချမှု အဆင်သင့်ဖြစ်ပြီလို့ ထရမ့်ဆို

စက်တင်ဘာ ၂၆ ၊ ဝါရှင်တန်

တရုတ်ပိုင် TikTok ရဲ့  အမေရိကန်မှာရှိတဲ့ လုပ်ငန်းများကို အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေထံ ရောင်းချဖို့အစီအစဉ်ဟာ  ၂၀၂၄  ခုနှစ် အမျိုးသားလုံခြုံရေး လိုအပ်ချက်တွေကို  ဖြေရှင်းပေးမယ်လို့  သမ္မတ Donald Trump က စက်တင်ဘာ 25 တွင် လက်မှတ်ရေးထိုးလိုက်ပါတယ်။ 

အမေရိကန်ကုမ္ပဏီသစ်က ဒေါ်လာ  ၁၄ ဘီလီယံခန့် တန်ကြေးရှိမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ JD Vance က ဆိုပြီး  သုံးသပ်သူအချို့၏ ခန့်မှန်းချက်ထက် များစွာနိမ့်ကျတဲ့ စျေးနဲ့သတ်မှတ်ထားတာဖြစ်ပါတယ်။ 

တရုတ်ဘက်ခြမ်းမှာ ခုခံမှုအချို့ရှိခဲ့ပေမယ့် ကျွန်တော်တို့ ပြီးမြောက်စေချင်တဲ့ အခြေခံအချက်ကတော့ TikTok လည်ပတ်မှုကို ဆက်ထိန်းထားချင်ခဲ့တာပါ၊ ဒါပေမယ့် ဥပဒေအရ လိုအပ်သလို အမေရိကန်တွေရဲ့ အချက်အလက်ကိုယ်ရေးကိုယ်တာကိုလည်း ကာကွယ်ထားဖို့ သေချာချင်ပါတယ်” ဟု Vance က Oval Office သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

အိမ်ဖြူတော်က ဒေါ်လာ ၁၄ ဘီလီယံ တန်ကြေး ဘယ်လိုရလာတယ်ဆိုတာ ပြောဆိုဆွေးနွေးခဲ့ခြင်းမရှိပါဘူး။

တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပါ အစီအစဉ်များကို အတည်ပြုခဲ့ကြောင်း ထရမ့်ကပြောပါတယ်။ 

 “ကျွန်တော် သမ္မတ Xi နဲ့ စကားပြောခဲ့ပါတယ်” ဟု Trump က ဆိုပါတယ်။ 

ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကို  မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။ 

ဒါ့အပြင် TikTok ဟာ သမ္မတ Trump ရဲ့အခုလိုလုပ်ရပ်အပေါ်ချက်ချင်းမှတ်ချက်မပေးသေးပါဘူး။

ထရမ့်ဟာ ပြီးခဲ့သည့်နှစ်က ပြန်လည်အရွေးခံဖို့ အကူအညီတွေဖြစ်စေခဲ့တဲ့  US အသုံးပြုသူ သန်း 170 ရှိတဲ့ TikTok အားချီးကျူးခဲ့ပါတယ်။ 

ByteDance ဟာ TikTok ၏ US လုပ်ငန်းများကို ပြန်လည်ဖွဲ့စည်းခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ကုမ္ပဏီအသစ်တစ်ခုကို တည်ထောင်သွားမှာဖြစ်ကြောင်း တရုတ်မီဒီယာ LatePost သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *