HPDF 124 တပ်ရင်းတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းခြင်း

မေး။ HPDF ဆိုပြီးတော့မှလည်း ရှိထားတယ် ။ အစ်ကိုတို့က HPDF 124 ဆိုပြီးတော့မှ တစ်ဖွဲ့ပြန်ဖွဲ့စည်းထားတယ်ဆိုတော့ အဲ့ဒီနှစ်ခု ကွာခြားချက်က ဘာတွေရှိသလဲ။ နောက်ပြီး ဘာကြောင့်တစ်ဖွဲ့ထဲ ပူးပေါင်းပြီးလုပ်တာမျိုးမဟုတ်ပဲနဲ့ အဖွဲ့တွေခွဲပြီးလုပ်တာလည်းဆိုတာ ရှင်းပြပေးစေချင်ပါတယ် ။

ဖြေ။ ကျွန်တော်တို့က အဲ့လိုရှိတယ် ။ အဖွဲ့က တစ်ဖွဲ့ထဲပါပဲ ။ အားလုံးကတော့ တစ်ဖွဲ့ထဲ။ ဒါပေမယ့် နေရာခွဲထားတာလေ ။ ပိတ်ထားတာပေါ့ ။ ပြောရရင်တော့ ဟိုဘက်ဒေသ ဒီဘက်ဒေသ ပိတ်ပြီးတော့မှ ။ ကျွန်တော်တို့က တပ်ရင်းပေါ့ ။ PDF 124 တပ်ရင်း ။ သူတို့ကတော့ ပကဖ အဖွဲ့တွေပေါ့နော။ အဲ့ဒီလိုမျိုး ကွာတာပေါ့ ။ ဒါပေမယ့် ကျွန်တော်တို့က အတူတူပဲ ။ ကျွန်တော်တို့က တစ်သွေးထဲ တစ်သားထဲ သွားနေကြတဲ့ လူတွေကြီးပဲလေ ။ PDF ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အတူတူပဲလေ ။ ညီအစ်ကိုတွေပဲလေ။ နာမည်သာလွဲချင်လွဲကြမယ် စိတ်မကွဲကြဘူးပေါ့ ။ လမ်းစဥ်အတူတူလျှောက်နေကြတဲ့ လူငယ်တွေကိုး ။

မေး။ အဲ့လိုဆိုတော့ စစ်ရေးလှုပ်ရှားမှုမှာရော ကိုယ့်သဘောနဲ့ကိုယ် သွားတာလား ။ NUG ရဲ့ လမ်းညွှန်ချက်နဲ့ ဘယ်နေရာ ဘယ်ဒေသကိုတော့ သွားပါဆိုပြီးတော့ လှုပ်ရှားတာလား ။ ပြောပြလို့ရမလားဗျ။

ဖြေ။ စစ်ရေးကတော့ တပ်ရင်းအနေနဲ့ပဲ လုပ်မှာပေါ့နော။ တပ်ရင်း တပ်ဖွဲ့ အနေနဲ့ပဲ လှုပ်ရှားမှာပါ။

မေး။ ဒါဆိုရင် NUG ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာမယ် ။ စစ်ရေးလှုပ်ရှားမှုကိုတော့ ကိုယ့်သဘောနဲ့ကိုယ် သွားတာပေါ့ဗျ။

ဖြေ။ ဟုတ်တယ်ဗျ။ ဟုတ်တယ်ဗျ။ Command ကတော့ ကျွန်တော့် Command နဲ့ သွားတာပေါ့ ။

မေး။ အဲ့ဒီမှာ SNA ကို ရန်သူသဖွယ်ဆက်ဆံသွားမယ်လို့ ပြောလိုက်ပြီပေါ့လေ ။(ယင်းမတိုင်မီ သတင်းကိစ္စတွင်ထည့်ပြောခဲ့)။ ပြောလိုက်ပြီဆိုတဲ့ နေရာမှာ ထိတွေ့မှု ပထမဆုံး ဖြစ်ခဲ့တဲ့ အနေအထားလေးကို ပြောပြလို့ရမလားဗျ။

ဖြေ။ ရတယ်ဗျ။ ထိတွေ့မှု ပထမဆုံးစဖြစ်တာကတော့ HPDF 124 တပ်ဖွဲ့ အနေနဲ့ ဒီပင်ခုပ်ကိုအသွားမှာ တိတိကျကျပြောရရင် အိုက်ညီးတို့ အိုက်ပွဲတို့ သူတို့အဖွဲ့ကနေပြီးတော့မှ ကင်းပုန်းဝပ်ပြီးတော့မှ အကြောင်းမဲ့ ပစ်ခတ်တယ် ။ သူတို့ကို ပြဿနာရှာတာလည်း မဟုတ်ဘူး ။ ကျွန်တော်တို့ လမ်းကြောင်းရှိလို့ သွားတာ ။ အဲ့ဒီမှာ သူတို့အရင် ပစ်ခတ်တော့ ထိတွေ့မှု ဖြစ်တာပေါ့

ဗျာ ။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်ပေါ့ ။ ဒဏ်ရာရတဲ့လူ နှစ်ယောက်ရှိတယ်ပေါ့ ။

မေး။ အဲ့ဒါ ဘယ်တုန်းက ဖြစ်သွားတာလည်းဗျ။

ဖြေ။ ဖြစ်တဲ့လက လေးလပိုင်း ။ လေးလပိုင်း ၁၂ ရက်နေ့ ။

မေး။ အဲ့ဒီမှာ ဟိုကိစ္စနဲ့ ဆက်စပ်မှု ရှိမလားတော့မသိဘူး။ ကျွန်တော်တို့ကြားထားတဲ့သတင်းက ပထမ SNA တပ်သားတွေကို PDF ဘက်ကနေပြီးမှ ဒူးထောက်ခိုင်းတာတို့ အဲ့ဒီဟာကို ဆိုရှယ်မီဒီယာမှာ တင်တာတို့ လုပ်တယ်ဆိုတာမျိုးလည်း ကြားလိုက်တယ် ။ အဲ့ဒီနောက်ပိုင်းမှာတော့….

ဖြေ။ ဘယ်လိုကြားတယ်ဆိုတာ ပြန်ပြောပေးပါအုံးဗျ ။

မေး။ ဟုတ်ကဲ့ဗျ ။ ပထမတော့ ဟုမ္မလင်း PDF တွေနဲ့ SNA နဲ့ အဆင်ပြေတယ်လို့ ပထမ ကြားထားတာပေါ့နော် ။ အဲ့နောက်ပိုင်း ဘာဖြစ်လာလည်းဆိုတော့ တစ်ချို့ကိစ္စ ဒါဥပမာအနေနဲ့ ပြောပြတာ တစ်ခြားကိစ္စတွေ

လည်း ရှိကောင်း ရှိနိူင်တယ် ။ ကျွန်တော်တို့ ကြားထားတာ နတ်နန်းဘက်မှာဆိုရင်လည်း SNA တပ်သားတွေကို PDF တွေက ဖမ်းဆီးပြီးမှ လူမှုကွန်ရက်တွေမှာ တင်တယ် ဘာညာဆိုတာမျိုးတွေလည်း ပြန်ကြားပြီးနောက်ပိုင်းမှာ အဆင်မပြေတာတွေလည်း ရှိတယ် ။ တခြားကိစ္စတွေလည်းရှိတယ်လို့ ပြောတယ် အဲ့ဒါ ကရော ။

ဖြေ။ ဒီကိစ္စကတော့ ကျွန်တော်ပြောပြမယ်နော ။ သူတို့ပလီတာပဲ ဖြစ်လိမ့်မယ်ပေါ့နော ။ သူတို့ မိန်းမလို မိန်းမရကောင်တွေကိုး ယောကျ်ား မဟုတ်တဲ့ ပလီတဲ့ အပြောပဲ ဖြစ်လိမ့်မယ် ။ ကျွန်တော်တို့ ပြေပြေလည်လည်ပြောကြတာပဲ ။ အဲ့ဒီမှာပြေပြေလည်လည်ပြောခဲ့ဖူးကြတာပေါ့နော။ မျက်နှာချင်းဆိုင်လို့ ပြေပြေလည်လည်ပြောကြတယ် ။ ဒီစကားမျိုးသူတို့ပြောတယ်ဆိုတာ ပလီတာလို့ပဲ ပြောရမှာပေါ့နော။ မိန်းမလို မိန်းမရစကားလို့ပဲ ကျွန်တော့်အနေနဲ့ ပြောချင်တာပေါ့နော။

မေး။ အဲ့ဒါဆိုရင် အစ်ကိုတို့အဖွဲ့နဲ့ ဖြစ်သွားတာပေါ့နော် ။

ဖြေ။ အဲ့ဒီတုန်းက ဟုတ်တယ် ။ ဘာမှ ဖြစ်တာလည်း မဟုတ်ဘူး ။ တစ်ယောက်နဲ့တစ်ယောက် ခြိမ်းခြောက် ကျိန်းမောင်းတာလည်း မရှိကြဘူး ။ ပြေပြေလည်လည်ပဲ ပြောကြတာကို သူတို့ဟာသူတို့ ပလီလို့ အဲ့ဒီလိုပြောသွားတာပဲ ရှိတာ ။

မေး။ နောက်တစ်ခုက ကျွန်တော်တို့အနေနဲ့ ဒေသခံတွေဆီက အချက်အလက်တွေကိုလည်း သေချာစုဆောင်းပြီးပြောတာပါ ။ လွင်ကြီးဆရာတော်ရဲ့ ကားကိစ္စလည်း HPDF ဘက်တံဆိပ်နဲ့လူတွေ ပါတယ်လို့ ကျွန်တော်တို့ သိရတယ် ။

ဖြေ။ အဲ့ဒါတော့ အမှန်ပါဗျ။

မေး။ အဲ့ဒါလည်း အစ်ကိုတို့အဖွဲ့ပဲပေါ့နော် ။

ဖြေ။ လွင်ကြီးဆရာတော်ကိုယ်တိုင်က ပျူစောထီးကို ။ဆရာတော်ကိုယ်တိုင်က ပျူစောထီးဆိုတော့ ကျွန်တော်တို့က သိမ်းတယ်ပေါ့နော။ ပြီးတော့ အဲ့ဒီကားကိုလည်း ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့က သွားလာလှုပ်ရှားတယ်လေ ။(ဆရာတော်က ငြင်းဆိုထား) ကျွန်တော်တို့ မီးရှို့ပစ်လိုက်တာ ။

မေး။ ရှို့လိုက်ပြီပေါ့နော်။

ဖြေ။ သိမ်းပြီးမှ မီးရှို့ပစ်လိုက်တယ် ။ ဒါကတော့ ကျွန်တော်တို့ လုပ်ရမှာလေနော။

မေး။ HPDF အနေနဲ့ ပြည်သူလူထုကို တခြားပြောချင်တာများ ရှိအုံးမလားဗျ။

ဖြေ။ပြောချင်တာကတော့ ပြည်သူတွေ အနေနဲ့ပေါ့နော သွားလာတာကိုတော့ အစ်ကိုတို့ သတင်းသမားဆိုတော့ တင်ပေးလိုက်ပေါ့နော ။ အသွားအလာလေးတွေကိုပေါ့နော SNA တို့ စစ်ကောင်စီတို့ အနေများတဲ့ဒေသလေးတွေကို ဝေးဝေးရှောင်ကြဖို့ပေါ့နော ။ ဒါနောက်ဆုံးအကြိမ် သတိပေးခြင်းပါပဲ ။သူတို့အနေနဲ့ ဝေးဝေးရှောင်ကြဖို့ပေါ့နော အဲ့ဒါ ပြောချင်တာပါ။ ကျွန်တော်တို့ကတော့ မတုန့်ပြန်လို့ မရဘူးလေ ။ ကျွန်တော်တို့ကတော့ သီးခံနိူင်စရာ အကြောင်းမရှိတော့ဘူး။ တုန့်ပြန်တဲ့အနေနဲ့ ကျွန်တော်တို့ တိုက်စစ်ဖွင့်ကစားသွားမှာပဲလေနော ။

မေး။ နောက်ဆုံးတစ်ခုအနေနဲ့ မေးခွင့်ပြုပါဗျ။ HPDF 124 အနေနဲ့ လှုပ်ရှားမှုတွေကို အစ်ကို့အနေနဲ့ပဲ တာဝန်ခံမယ့်သဘောလား။ NUG ကိုပဲ ကိုယ်စားပြုပြီးမှ သွားမှာလား ။

ဖြေ။ ဟုတ်တယ်ဗျ။ ကျွန်တော်တို့က ဥပဒေနဲ့အညီ လုပ်မယ် ။ NUG က ချမှတ်ထားတဲ့ လမ်းစဥ်နဲ့အညီလုပ်မယ် ။ ပြီးရင် ဖြစ်သမျှကိုလည်း ကျွန်တော်တို့က တာဝန်ယူသွားမယ်ဗျ။

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *