ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်က ကျောင်းကုန်းကျေးရွာမှာ တိုက်ပွဲပြင်းထန် 

နိုဝင်ဘာ ၄ ၊ အင်းတော် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့နယ်၊ ကျောင်းကုန်းကျေးရွာမှာ စစ်တပ်စစ်ကြောင်းနဲ့ KIA+PDF ပူးပေါင်းတပ်တို့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

တိုက်ပွဲကြောင့် ထီးချိုင့်-အင်းတော်၊ ကျောက်တန်း-အင်းတော်လမ်း ပြည်ထောင်စုလမ်းမှာ စစ်တပ်နှင့်  KIA+PDF ပူးပေါင်းတပ်တွေကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားပြီး ကုန်ကားလမ်းတွေ ယာယီပိတ်ထားရပါတယ်။

” အခုက အဲဘက်လမ်းကိုမသွားခိုင်းသေးဘူး။ ဆိုင်ကယ်တွေ၊ အိမ်စီးကားတွေတော့သွားခိုင်းတယ်။ ကုန်ကားတွေတော့ မသွားခိုင်းဘူး”လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

ထီးချိုင့်-ကျောက်တန်း- အင်းတော် လမ်းဆုံက  ကျောင်းကုန်းကျေးရွာမှာ  နိုဝင်ဘာလ ၂ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျောင်းကုန်းကျေးရွာမှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း လက်နက်ကြီးကျည်တွေကြောင့်  နေအိမ်တွေမီးလောင်ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ 

ကျောင်းကုန်းလမ်းဆုံဟာ ရွှေဘို-မြစ်ကြီးနား၊ မန္တလေး-မြစ်ကြီးနား လမ်းဆုံရာနေရာလည်းဖြစ်ပြီး ကျောင်းကုန်းကျေးရွာဟာ စစ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောင်းကုန်းကျေးရွာတွင် ပြည်သူများထိခိုက်မှုရှိမရှိကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *