စစ်ကောင်စီတပ်နဲ့ တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲဖြစ်ပွားနေတဲ့ PDF တွေ လက်နက်အပ်နှံပြီး ကြိုဆိုလက်ခံမယ်လို့ စစ်ကောင်စီက ဇွန်လ ၁၁ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတွေအနေနဲ့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝကို ပြန်လည်ဝင် ရောက်ရင် ကြိုဆိုမယ်ဆိုပြီး ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
လက်နက်ကိုင်ပြီး ဆန့်ကျင်နေမယ်ဆိုရင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေး ထိခိုက်နှောင့်နှေးမယ်လို့ ဆိုထားသလို ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအရ “ အရေးပေါ်ကာလဆိုင်ရာပြဌာန်း ချက်တွေပြီးရင် ရွေးကောက်ပွဲပြုလုပ်ပြီး အာဏာလွဲပေးမယ်လို့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေမှာ သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့တာမရှိဘဲ ပြန်လည်ခိုလှုံလာသူ PDF အဖွဲ့ဝင်ဆိုသူ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်မှာ မိဘတွေထံ ပြန်အပ်ခဲ့တယ်လို့ စစ်ကောင်စီမီဒီယာတွေမှာဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောဆိုမှုတွေအရဆိုရင်တော့ PDF တပ်ရင်း တပ်ဖွဲ့ ၂၅၀ ကျော်နဲ့ တပ်ဖွဲ့ဝင်အင်အား သိန်းဂဏန်းထိရှိနေတယ်လို့ ပြောဆိုပါတယ်။
NUG နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၄၀၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။