PDF တွေအလင်းဝင်ဖို့ ခန္တီးမြို့မှာ စာလိုက်လံကပ်

ဇူလိုင် ၆ ​၊ ခန္တီး

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေအလင်းဝင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ပေါ်ရပ်ကွက်တွေအတွင်း ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ စာလိုက်လံကပ်ခဲ့တယ်လို့သိရပါတယ်။

နံရံကပ်ထားတဲ့ စာတွေထဲမှာ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုနဲ့ တိုင်းရင်းသားရေးသဘောထားကွဲလွဲမှုတွေကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေတပြီး တိုင်းပြည်မတိုးတက်သာတို့ ဆိုထားပါတယ်။

ဒါ့အပြင် PDF တွေကို သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့ လက်နက်အပ်နှံဖို့လည်း ရေးသားထားပါတယ်။

စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းခဲ့တဲ့ PDF တွေထဲက အလင်းဝင်လာသူတွေကို ကြိုဆိုနေမှုမှတ်တမ်းဓာတ်ပုံတွေလည်း အဲ့နံရံကပ်စာထဲမှာ ပြသထားပါတယ်။

အလင်းဝင်လာတဲ့ PDF နှစ်ရာကျော်ရှိတယ်လို့ စစ်ကောင်စီကပြောဆိုထားပါတယ်။

အဲ့ထဲမှာ တိုက်ပွဲဖြစ်ပွားမှုနည်းတဲ့ ဧရာဝတီတိုင်းက တစ်ရာကျော်နဲ့အများဆုံးဖြစ်ကာ ဒုတိယက မန္တလေးတိုင်းဒေသကြီးက လေးဆယ်ကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *