PDF နှင့် စကစ တိုက်ပွဲကြောင့် ဗန်းမောက်တွင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ

ဇူလိူင် ၁၂ ၊ ဗန်းမောက်

ဗန်းမောက်တောင်ပိုင်း ကော်တာကျေးရွာတွင် ယနေ့ နေ့ခင်း တစ်နာရီ မှ ညနေ လေးနာရီအထိ ဒေသခံကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စကားပြောနေကြရင်း ဗုံးသီးကျလာတာ။ ပြေးချိန်မရလိုက်ဘူး ။ သုံးယောက်လုံးပေါင်မှာ မှန်တာ ။ အခုဗန်းမောက်ဆေးရုံမှာရောက်နေပြီ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။”ဟု ကော်တာကျေးရွာသား တစ်ဦးကဆိုသည် ။

ဒဏ်ရာရရှိသူများမှာ ဦးမောင်ကြီး ၊ ဦးမြင့်သိန်း နှင့် ဦးဖိုးဇော်တို့ ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ရခြင်းမှာ ကော်တာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား PDF များက တောင်ပေါ်မှနေ၍ စတင်ပစ်ခတ်ခြင်းဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။

အဆိုပါတိုက်ပွဲကြောင့် ကော်တာကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်းလည်း သိရသည် ။

ဗန်းမောက်တောင်ပိုင်းတွင် ဇွန်လ မှစတင်၍ စစ်ကောင်စီတပ်များနှင့် KIA နှင့် PDF ပူးပေါင်းတပ်တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း PDF သတင်းရင်းမြစ်များက ထုတ်ပြန်လျှက်ရှိသည် ။

Leave a Reply

Your email address will not be published. Required fields are marked *