Time မဂ္ဂဇင်း၏ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးအယောက် ၁၀၀ စာရင်းတွင် ရှမ်းနီအမျိုးသမီးတစ်ဦး နှင့် ကချင်အမျိုးသမီးတစ်ဦးပါဝင်

စက်တင်ဘာ ၁၆ ၊

ကမ္ဘာကျော် မဂ္ဂဇင်းတစ်ခုဖြစ်သည့် Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် ရှမ်းနီတိုင်းရင်းသူဖြစ်သည့် မအိသဉ္ဇာမောင် နှင့် ကချင်တိုင်းရင်းသူ အက်တာဇေနော တို့ ပါဝင်လာခဲ့သည်။

Time ကရွေးချယ်ရာတွင် ရှေ့ဆောင်လမ်းပြသူဆိုသည့် ခေါင်းစဉ်အောက်မှ ၎င်းတို့နှစ်ဦးကိုရွေးချယ်သတ်မှတ်ထားခြင်းဖြစ်သည်။

“ ဒါဟာ မြန်မာ့အ​ရေး ကို ကမ္ဘာ က အသိအမှတ်ပြု ​လေးစား တဲ့ သ​​ဘောပါ။ ဘာပဲ​ပြော​ပြော မြန်မာ ကို ကမ္ဘာ က အသိအမှတ်ပြု​စေခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်။ ကျမ က​တော့ ကျမကြိုက်တဲ့ ကဗျာ​လေး အတိုင်းပဲ ​အောင်မြင်မှုသုခ နဲ့ ဆုံးရှူံးမှုဒုက္ခ ဆိုတာ တူညီတဲ့ ​လောကဓံ တရား​တွေပဲမို့လို့ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး နှိမ့်ချ​နေတတ်​အောင် ကြိုးစားပါ့မယ်ရှင်။” ဟု မအိသဉ္ဇာမောင်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့က လူထုကို ဦးဆောင်ကာ လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ဆန့်ရှင်မှုလုပ်ရှားမှုကို ဦးဆောင်ခဲ့ကြသူများလည်းဖြစ်သည်။

မအိသဉ္ဇာမောင်သည် NUG အစိုးရ၏ အမျိုးသမီး ၊ လူငယ် နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိနေသည်။

Time က စိစစ်ရွေးချယ်မှုတွင် မြန်မာပြည်ဖွား နာဆာ၏ အာကာသသိပ္ပံပညာရှင် ဒေါ်မီမီအောင်လည်း တီထွင်ဆန်းသစ်မှုဆိုသည့် ခေါင်းစဉ်ဖြင့် ရွေးချယ်ခံခဲ့ရသည်။

ယခုနှစ် Time ၏ ရွေးချယ်မှုတွင် မြန်မာပြည်မှ အမျိုးသမီး (၃) ဦးပါဝင်ခြင်းဖြစ်သည်။​

Leave a Reply

Your email address will not be published. Required fields are marked *