TNLA ထိန်းချုပ်နယ်မြေအတွင်း သွင်းကုန်အခွန်ကင်းလွင့်ခွင့်ပြုလို့်ဆို 

နိုဝင်ဘာ ၇ ၊​ မိုးကုတ် 

တအောင်းအမျိုးသားတပ်မတော်(TNLA) ထိန်းချုပ်နယ်မြေအတွင်းမှာ  တင်သွင်းလာတဲ့ သွင်းကုန်/ ပို့ကုန်တွေ အပေါ် အခွန်ငွေကြေးကောက်ခံမှုတွေကို  အခုနိုဝင်ဘာလစပြီး ကင်းလွတ်ခွင့်ပေးလိုက်ပြီလို့ TNLA အကောက်ခွန်ဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ကြေညာပါတယ်။ 

ကုန်ပစ္စည်းအမျိုးအစားတွေပေါ်မူတည်ပြီး အခွန်ငွေကြေးပေးဆောင်ခဲ့ရမှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့် ဒေသတွင်းမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်နေတာလို့ TNLA ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံတွေကဆိုပါတယ်။ 

သူတို့ (TNLA)​ စသိမ်းတုန်းကလောက်ကြီးတော့မတက်တော့ဘူး၊ အကုန်လုံး မန္တလေးကနေပဲ လာရတော့ စျေးတွေက တက်တယ်။ လမ်းကြေးတွေလည်း များတယ်လေ ၊ လမ်းမကြီးအတိုင်းမဟုတ်တော့ တကွေ့တပတ်ကြီးတွေ သွားလာနေရတာ ” လို့ TNLA ထိန်းချုပ်နယ်မြေအတွင်းနေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။ 

TNLA က ကင်းလွတ်ခွင့်ပေးလိုက်တဲ့ သွင်းကုန်အမျိုးအစားတွေထဲမှာ စားသောက်ကုန်ပစ္စည်းများ၊  စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်ပြီး ကျန်တဲ့ ပစ္စည်းတွေက ငွေကြေးပေးဆောင်ရမှာဖြစ်ပါတယ်။ 

မန္တလေးမြို့နယ်ကနေ  TLNA ထိန်းချုပ်နယ်မြေအတွင်း  သွင်းကုန်တွေဖြစ်တဲ့ စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများနှင့် ဒေသတွင်းမှာ အချင်းချင်း ကူသန်းရောင်းဝယ်မှုနှင့် သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကောက်ခံမည်မဟုတ်ဘူးလို့ TNLA ဘက်ကပြောဆိုထားပါတယ်။ 

TNLA ထိန်းချုပ်နယ်မြေ နဲ့ တရုတ်နိုင်ငံတို့ အကြား သွင်းကုန်/ပို့ကုန်ကုန်ပစ္စည်းများတွေ နဲ့  မန္တလေးမြို့ နယ်ဘက်ကို တင်ပို့သည့်ကုန်ပစ္စည်းများကိုမူ အခွန်ကောက်ခံသွားမယ်လို့ TNLA အကောက်ခွန်ဌာနက ထုတ်ပြန်ထားပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းက နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ ၊ မိုးမိတ်မြို့နယ် ၊ သီပေါမြို့နယ် နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်တွေကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *