စစ်ကော်မရှင်ဥက္ကဌ နှင့် မြောက်ကိုးရီးယားခေါင်းဆောင်တို့  ပေကျင်း စစ်ရေးပြအခမ်းအနားမှာတွေ့ဆုံ 

စက်တင်ဘာ ၃ ၊ ပေကျင်း

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က တရုတ်နိုင်ငံ ပေကျင်းမှာတွေ့ဆုံခဲ့တဲ့ သတင်းမှတ်တမ်းဓာတ်ပုံတွေထွက်ပေါ်လာခဲ့ပါတယ်။ 

ဒီနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့  ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀)ပြည့် စစ်ရေးပြအခမ်းအနားမှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ရေးပြအခမ်းအနားပွဲကို ရုရှား၊ အိန္ဒိယ ၊ အီရန် ၊ ပါကစ္စတန် နိုင်ငံက သမ္မတွေအပြင်  မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်း အပါအဝင် နိုင်ငံ နဲ့  နိုင်ငံတကာ အဖွဲ့အစည်း ၂၀ ကျော်တက်ရောက်နေတာလည်းဖြစ်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့ ခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆွေးနွေးပွဲ  တက်ရောက်ခဲ့တဲ့အပြင်  တရုတ်နိုင်ငံသမ္မတ ရှီဂျင့်ဖျင် ၊ အိန္ဒိယ သမ္မတ နရန်ဒြာမိုဒီ တို့ နဲ့တွေ့ဆုံမှုတွေပြုခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး ၊ ကုန်သွယ်ရေး နဲဲ့ မြေရှားသတ္ထုအရေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *