ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းဒေသမှာ MPT ဖုန်းလိုင်းပြန်ရရှိလာ

ဒီဇင်ဘာ ၁၀၊ ဗန်းမောက်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းဒေသဖြစ်တဲ့ သရက်ကုန်းကျေးရွာအနီးရှိ ရွှေနောင်စိန် ရွှေတူးဖော်ရေးမှော်တစ်ဝိုက်တွင် မနေ့ကဒီဇင်ဘာ(၉)ရက်နေ့ ညပိုင်းမှာ  MPT အော်ပရေတာဖုန်းလိုင်းများပြန်ရရှိနေတယ်လို့  ဒေသအတွင်းနေထိုင်သူများထံမှ သိရပါတယ်။

ည ၈နာရီလောက်က စရတာဟုတ်တယ် ခေါ်လို့ရပြီ  အင်တာနက်တွေတော့ သုံးလို့ မရသေးဘူး ခုလောလာဆယ်တော့ ဆိုင်(Starlink)မှာကိုသွားသုံးလို့ မရသေးဘူး” လို့ မှော်အတွင်းနေထိုင်သူတစ်ဦးကပြောပြပါတယ်။

  ဗန်းမောက်မြို့နယ်ကို   ၂၀၂၃ခုနှစ်ကနေစတင်ပြီး စစ်ကော်မရှင်က အော်ပရေတာအားလုံးနဲ့ အင်တာနက်၊ဝိုင်ဖိုင်လိုင်းများကို တစ်ဖြည်းဖြည်း ဖြတ်တောက်ခဲ့ပြီး ဖုန်းလိုင်းတစ်ချို့က မကြာခနပြန်လည်ရရှိမှုတွေလည်းရှိခဲ့ဖူးပါတယ်။ 

  နောက်ပိုင်းမှာ  ဒေသခံများက  Star Link ဝိုင်ဖိုင်ဆိုင်များတွင် တစ်နာရီ ၅၀၀၀ နှုန်းဖြင့်  အင်တာနက်သာ သုံးစွဲရရှိနေတာလည်းဖြစ်ပါတယ်။

   သို့သော် ၂၀၂၅ ခုနှစ်  စက်တင်ဘာလပိုင်းမှစပြီး ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ တော်လှန်ရေးတပ်ဖွဲ့ KIA+PDF  တို့ တိုက်ပွဲဖြစ်ပွားမှုတွေရှိလာပြီးနောက် အင်တာနက်များအားလုံးလည်း  ဖြတ်တောက်ပိတ်ပင်ခဲ့ပါတယ်။

 ယခုဖုန်းလိုင်းပြန်လည်ရရှိနေသော်လည်း အင်တာနက်တွေကိုတော့ သုံးစွဲနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *