ကုန်းလောကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း လက်နက်ကြီးကျ ဘုန်းကြီးတစ်ပါးပျံလွန် ၊ အရပ်သား နှစ်ဦး သေဆုံ

သေဆုံးသူများ၏ အသုဘအခမ်းအနား Photo/ Bamo Platform

မေ ၃ ၊ မိုးမောက်

မေလ ၃ ရက်နေ့ နံနက်ပိုင်း ၁ဝ နာရီကျော်အချိန်က စစ်ကောင်စီတပ် နှင့် KIA တို့တိုက်ပွဲကြောင့် ကုန်းလော ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း လက်နက်ကြီးကျသောကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်ခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးကာ (၁ဝ) ဦးထက် မနည်း ဒဏ်ရာရကြောင်း သိရသည်။

“ ဆေးရုံမှာရောက်မှ ပျံလွန်တော်မူတာ ၊ (၄) မိုင်စစ်ဆေးရုံမှာ တခြား အရပ်သားတွေလည်း ထိခိုက်လို့ အဲ့မှာကုနေတာ “ ဟု ဒေသခံတစ်ဦးက ဆိုသည်။

နေ့လည် ၁၂ နာရီ အတည်ပြုချက်အရ ဆေးကုသမှု (၇) ဦးထိပြီးစီးထားပြီဖြစ်ပြီး ၊ လူနာသွားရောက်ကြည့်ရှုသူတစ်ဦး၏ ပြောဆိုမှုအရ ၁ဝဦး ကျော်ထိခိုက်ဒဏ်ရာရကျောင်း ရှမ်းနီအသံကို ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *