ခန္တီးမြို့တွင်စက်သုံးဆီစျေးတစ်ဂါလံတစ်သောင်းကျပ်ဖြစ်ပြီးစတင်ပျက်လပ်နေ

ဒီဇင်ဘာ ၆ ၊​ ခန္တီး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မမှာ စက်သုံးဆီစျေးနှုန်း တစ်ဂါလံ တစ်သောင်းကျပ်ဖြစ်ပြီး စတင်ပျက်လပ်နေကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရသည်။ 

“ ဆီကအခု တစ်ဂါလံကို တစ်သောင်းဖြစ်နေတယ်။ လျှော့ရောင်းတာပေါ့သူတို့လည်းမနေ့ကတော့  တစ်ဂါလံရှစ်ထောင်နဲ့ရတယ်။  ဆိုင်တွေက များများဝယ်ရင်တော့မရောင်းဘူး တစ်ဂါလံကလေး ၊​တစ်ဗူးနှစ်ဗူး အဲ့လိုမျိုးဝယ်ရင်တော့ ရောင်းပေးတယ်။ လှောင်ထားတဲ့ ကုန်ပျက်သွားတာပေါ့ ။ ထပ်မရောက်တာပေါ့နော့် “ ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောဆိုသည်။ 

စက်သုံးဆီစျေးများသည် လွန်ခဲ့သည့်တစ်ပတ်က တစ်ဂါလံ ၆၅၀၀ ကျပ်မှ လက်ရှိတွင် တစ်သောင်းကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ 

ချင်းတွင်းမြစ်ကြောင်းတလျှောက် မုံရွာ- ကနီအထိ ဒေသခံ ကာကွယ်ရေးတပ်များနဲ့ စစ်ကောင်စီတပ်တို့က တိုက်ပွဲနေ့စဉ်နီးပါးဖြစ်ပွားနေခြင်းကြောင့် ကုန်စည်စီးဆင်းမှု ပျက်တောက်မှုများနှင့်ကြုံနေရကြောင်း ပြောဆိုမှုများရှိသည်။ 

ခန္တီးမြို့ရဲ့ ကုန်စည်စီးဆင်းမှုတွေကို အဓိကရေကြောင်းကနေ အသုံးပြုနေရခြင်းလည်းဖြစ်သည်။ 

မြန်မာနိုင်ငံ၏ စက်သုံးဆီစျေးများသည် စက်တင်ဘာလ ကုန်က တစ်ဂါလံ တစ်သောင်းကျပ်အထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင်တစ်ဂါလံ ၆ ထောင်ဝန်းကျင်တွင်ရှိနေသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *