စစ်ကိုင်းတိုင်းဒေသကြီးမှာစစ်ဘေးရှောင်နေရသူတစ်သိန်းတစ်သောင်းကျော်ရှိ 

ပင်လည်ဘူးမှ ဗန်းမောက်ကို စစ်ရှောင်နေသည့် ကားများ Photo/ ShanNi Voice

စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ဘေးတိမ်းရှောင်နေရသူ တစ်သိန်းတစ်သောင်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက ဒီနေ့မှာ ပြောဆိုပါတယ်။ 

UNOCHA ရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၁၃၉၀၀ ဦး ၊ ချင်းပြည်နယ်မှာ ၃၃၈၀၀ ဦး ၊​မကွေးတိုင်းမှာ ၂၀၁၀၀ ဦး ရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

ပဋိပက္ခဖြစ်ပွားနေတဲ့နေရာဆီကို လုံခြုံရေးအခြေအနေနဲ့ သွားလာခွင့်ကန့်သတ်မှုတွေကြောင့် လူသားချင်စာနာမှုလုပ်ငန်းလည်း ဆောင်ရွက်ဖို့လည်း ခက်ခဲနေကြောင်း ရေးသားထားပါတယ်။ 

စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် နဲ့ မကွေးတိုင်းက စစ်ဘေးရှောင်တဲ့သူတွေကို လိုအပ်နေတာတွေကို ပေးပို့ဖို့လည်း အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေက ပိုတိုးလာခဲ့ပါတယ်။ 

ပင်လည်ဘူးမြို့ပေါ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေက  နီးစပ်ရာ မြို့နဲ့ကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *