စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ငါးခုမှာ ပါတီရုံးခန်းဖွင့်ရန် SSP ပါတီ ပြင်ဆင်နေ

အောက်တိုဘာ ၁၈၊ မုံရွာ 

 စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ငါးခုမှာ  ပါတီရုံးခန်းဖွင့်လှစ်ဖို့အတွက် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီ (SSP)က ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။ 

ကျွန်တော်တို့ဒီဘက်မှာကျတော့ လုံခြုံရေးအနေအထား မြေပြင်အနေအထားကတော့ ဖွင့်နိုင်ဖို့ရာက တမူးဆိုရင် တမူးမြို့ပေါ်မှာ သွားမဖွင့်နိုင်ဘူး လုံခြုံရေးနည်းနည်း စိတ်ချရတယ်ဆိုတဲ့ မြို့သစ်မှာပဲဖွင့်မှာဗျ ဖောင်းပြင်ဆိုလည်း ဖောင်းပြင်မြို့ပေါ်မှာပဲ ဖွင့်လို့ရမှာ” ဟု ပါတီခေါင်းဆောင်တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။ 

SSP ပါတီရုံခန်းဖွင့်လှစ်ဖို့အတွက်  ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်၊ တမူး၊ မုံရွာ စတဲ့မြို့နယ်တွေမှာ ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပြီး ဗန်းမောက်မြို့နယ်အတွင်းမှာတော့ စစ်ရေးအခြေအနေများကြောင့် ဖွင့်လှစ်နိုင်မည့်အနေအထား အလွန်နည်းနေသေးကြောင်း သိရပါတယ်။

“ကျွန်တော်တို့က မုံရွာနဲ့ဗန်းမောက်ကျ အခက်အခဲရှိနေတယ် ဖွင့်မရဘူးဖြစ်နေတယ် မုံရွာမှာက ပါတီဝင်အင်အားနည်းတာပေါ့ဗျာ  ဗန်းမောက်က လုံခြုံရေးအရ စစ်မြေပြင်အခြေအနေကြောင့် မဖွင့်နိုင်သေးဘူး ဆက်သွယ်ရတာ တော်တော်ခက်တာလေ’ဟု ၎င်းကဆက်ပြောပါတယ်။

 ဟုမ္မလင်းမြို့မှာ SSP ပါတီဗဟိုဌာနချုပ် အပြင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် သုံးခုကိုထားရှိပြီး ဗဟိုဌာနချုပ်နှင့် ခရိုင်အဆင့်တွင် အဖွဲ့ဝင် (၁၅) ဦး ၊ မြို့နယ်အဆင့်တွင် အဖွဲ့ဝင် (၁၉)ဦးတို့ကို ဖွဲ့စည်းထားကြောင်း သိရပါတယ်။

ယခုလ အောက်တိုဘာလကုန်တွင် ပါတီရုံးခန်းဖွင့်လှစ်ရန် နောက်ဆုံးသတ်မှတ်ရက်အဖြစ် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ  နိုင်ငံရေးပါတီများ မှတ်ပုံတင်ပြန်လျှောက်ထားရာမှာလည်း SSP ပါတီက  ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ ပါတီမှတ်ပုံတင်ရရှိထားတာလည်းဖြစ်ပါတယ်။ 

SSP ပါတီဟာ ၂၀၁၅ ခုနှစ်မှာ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီကနေ ပါတီအမည်ပြောင်းထားတာဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *