စစ်ကောင်စီကမိုးဘိုင်းဖုန်းအင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ် (၁၀)​မြို့ အထိရှိလာ

စက်တင်ဘာ ၁၄ ၊ ရန်ကုန်

စစ်ကောင်စီက မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ထားသည့် မြို့နယ် (၁၀) မြို့အထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။ ​ ယနေ့ စက်တင်ဘာလ (၁၄)​ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး စစ်ကိုင်းတိုင်း ၊​ မကွေးတိုင်း နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်တချို့ကို စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

“ ၁၂ နာရီကနေစပြီးတော့ အင်တာနက်တွေမရတော့ဘူး ၊ ဒီရက်ပိုင်းတွေမှာ တာဝိုင်တိုင်တွေဗုံးခွဲခံရလို့ထင််တယ်” ဟု အင်တာနက်ဖြတ်တောက်ခံရသည့် မန္တလေးတိုင်း မိုးကုတ်မြို့မှ ဒေသခံတစ်ဦးကဆိုသည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့်မြို့များတွင် စစ်ကောင်စီကို ဆန့်ကျင်မှုအားကောင်းသည့် မြို့များလည်းဖြစ်သည်။​ ယခုရက်ပိုင်းတွင် Mytel တာဝါတိုင်များဗုံးခွဲဖျက်စီးခံရပြီး စစ်ကောင်စီတပ်များကလည်း ထိုတာဝါတိုင်အနီးတွင် လုံခြုံရေးတင်းကြပ်စောင့်ကြည့်မှုများပြုလုပ်ထားကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပုလဲ ၊ ကနီ ၊​ဘုတလင် ၊ အရာတော်၊ ဆားလင်းကြီး နှင့် ယင်းမာပင်မြို့ ၊ မကွေးတိုင်းတွင် တောင်တွင်းကြီး နှင့် မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံ ၊ မိုးကုတ် မြို့နယ်တို့ဖြစ်သည်။

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကို အင်တာနက်အားလုံးဖြတ်တောက်ခံထားရသည်မှာ ယနေ့အထိဖြစ်ပြီး ထိုဖြတ်တောက်မှုကြောင့် ကုန်စျေးနှုန်းမြင့်တက်နေမှုနှင့် သတင်းအချက်အလက်ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရသည်။​

Leave a Reply

Your email address will not be published. Required fields are marked *