စစ်ကောင်စီက၁ပတ်အတွင်းဖမ်းဆီးမီးရှို့သတ်ဖြတ်မှုပေါင်း၉၀ကျော်ကျူးလွန်ဟု NUG ထုတ်ပြန်

မေရန်ကုန် 

လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ စစ်ကောင်စီက အကြမ်းဖက်မှု ​၊ ဖမ်းဆီး မီးရှို့ သတ်ဖြတ်မှု ၉၀ ကျော် ကျူးလွန်ခဲ့တယ်လို့ NUG  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မေလ  ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကနေ ၃၀ ရက်အထိ ထုတ်ပြန်မှုမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု ၂၉ ခုအပါအဝင် သတ်ဖြတ်မှု ၁၁ ခု၊ ဖမ်းဆီးမှု ၇ ခုနဲ့ ၄၆ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေမှာ ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အများဆုံး ကျူးလွန်ခံခဲ့ရတယ်လို့ ဖော်ပြထားပြီး မြေပြင်မှာတော့ အခုထက်ပိုမိုပြီးတော့ အကြမ်းဖက်မှု တွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က နောက်ဆုံး သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *