
ဒီဇင်ဘာ ၂၄ ၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာဘက်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ညပိုင်းမှာ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် နဲ့ လက်နက်ငယ်ကျည်တချို့ ရောက်ပေါက်ကွဲမှုခဲ့တယ်လို့သိရပါတယ်။
လက်နက်ကြီးကျည်ဟာ ဆန်ခါကျေးရွာနှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း တစ်လုံး၊ ဆန်ခါကျေးရွာဘေးအနီးကျောက်စိမ်းလုပ်ကွက်ထဲကျရောက်ခဲ့တယ်လို့ဆိုပါတယ်။
“ လက်နက်ငယ်ကျဉ်အချို့လည်းကျရောက်ခဲ့ရာမှာ မဇွပ်ယန်ကွက်သစ်စာသင်ကျောင်းနဲ့ ကုမ္ပဏီကြား အနီးသူ၏အိမ်တွင်ရှိနေတဲ့ မောင်ယော်ဆန်း အသက်(၁၆)နှစ် ကျောမှာအနည်းငယ် ထိရှပေါက်ပြီးအနည်းငယ်ထိခိုက်ခဲ့ပြီးဒဏ်ရာကတော့ စိုးရိမ်စရာ မရှိဘူး“ လို့ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။
လက်နက်ကြီးလက်နက်ငယ်အသံများစွာ ကြားခဲ့ရပြီး ဖားကန့်ဗျူဟာကုန်းဖက်မှလည်း လက်နက်နက်ကြီး (၁၅)ချက်ထက်မနည်းပစ်သည်ဟုဆိုပါတယ်။
ဖားကန့်မြို့နယ်မှာတိုက်ပွဲများမဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေက အဝေးမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကျေးရွာတွေကို ကျရောက်မှုတွေဟာ ခပ်စိတ်စိတ်ဆိုသလို ဖြစ်ပွားနေလာနေတယ်လို့သိရပါတယ်။