ဇန်နဝါရီ ၁၆ ၊ မူဆယ်
တရုတ်-မြန်မာနယ်စပ်ဝင်ထွက်ဂိတ်များမှ ဝင်ရောက်လာတဲ့ ခရီးသွားတွေဟာ မြန်မာနိုင်ငံကို ဝင်ရောက်ချိန်မတိုင်မီ ၄၈ နာရီအတွင်း ကိုဗစ်ရောဂါကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားတဲ့ ဓာတ်ခွဲ အဖြေပါရှိရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ကိုဗစ်၁၉ရောဂါကာကွယ်ဆေး တစ်မျိုးမျိုးကို လွန်ခဲ့တဲ့၁၄ရက်ကျော်က ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်ကိုလည်း ပါရှိရမည်ဟု ဆိုပါတယ်။
တရုတ်မြန်မာနယ်စပ်က ကုန်သွယ်ရေးဂိတ်တချို့ဖြစ်တဲ့ ဂျယ််ဂေါင်- မန့်ဝိန်းဂိတ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် အခုလို ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
အခုလိုထုတ်ပြန်ပြီးနောက် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မူဆယ်နဲနန့်ခမ်းမြို့နယ်ထဲက အိမ်ထောင်စုစာရင်းရှိတဲ့ ( ၆ )ဘီးကုန်ကား ကားမောင်းသူတွေကို နယ်စပ်ဖြတ်ကျော်စာအုပ် စတင်လုပ်ပေးနေပြီဟုသိရပါတယ်။
“ အခုကခြောက်ဘီးကုန်သွယ်ယာဉ်တွေသာဝင်လို့ရေသေးတယ်၊ယာဉ်မောင်းတွေကိုလည်းစာအုပ်အနီပြန်လုပ်ခိုင်းပြီးတော့အဲ့ထဲကမှ၁၃/ရှမ်းမြောက်မှတ်ပုံတင်ကိုင်ထားတဲ့သူတွေကိုဦးစားပေးလုပ်ပေးနေတယ်၊တရုတ်ပြန်ထဲကနေမြန်မာပြည်ပြန်လာသူတွေအနေနဲ့တော့ကိုဗစ်စစ်ဆေးမှုတွေလုပ်ရမှာ၊ Q ( ကွာလတင်း)နေထိုင်မှုကနေ ကျန်းမာရေးအခြေအနေပေါ်မူတည်တယ်” လို့ဂျယ်ဂေါင်မှာနေထိုင်သူတစ်ဦးကပြောပြပါတယ်။
သုံးနှစ်နီးပါးပိတ်ထားတဲ့ မူဆယ်-ဂျယ်ဂေါင်ဂိတ်ကို တရုတ်နိုင်ငံဘက် ဇန်နဝါရီလ ၈ ရက်နေ့မှာ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံအနေဘက်ကတော့ ဖွင့်လှစ်ခြင်းမရှိသေးပဲ ကုန်တင်ကားတွေကိုသာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။