
ဧပြီ၂၇၊မိုးညှင်း
မိုးညှင်းမြို့နယ် နန်းမားမြို့ရှိ နန်းစတားဝပ်လျော့ ဆိုင်ကယ်ဝပ်လျှော့ဆိုင် ပိုင်ရှင်ဖြစ်သူကိုသားငယ်ကို ဧပြီလ ၂၆ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် လက်နက်ကိုင်လူငယ်တစ်စုက သေနတ်ဖြင့်လာရောက်ပစ်ခတ် သတ်ဖြတ်သွားသည်ဟု သိရပါတယ်။
အသတ်ခံရသူကိုသားငယ်ဟာ အသက်၃၀အရွယ်ဝန်းကျင် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး နန်းမားမြို့ နန်းစတားဝပ်လျှော့ဆိုင်ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ် ။
‘သူ့ဆိုင်မှာတော့မဟုတ်ဘူး ပုညကာရီနာရေးကူညီမှုအသင်းလမ်းမှာ သူဆိုင်ကယ်စီးလာတဲ့အချိန် နောက်ကနေ ဆိုင်ကယ်နဲ့ပဲလိုက်ပြီးပစ်သွားတာ သုံးချက်ပစ်ပြီးမောင်းပြေးသွားတယ်’ ဟု နန်းမားမြို့ခံတစ်ဦးက ပြောပြပါတယ် ။
စစ်ကောင်စီကို သတင်းပေးသူ (အရပ်အခေါ် ) ဒလန်ဖြစ်သည်ဟုဆိုကာ PDF တပ်ဖွဲ့များက လာရောက်ပစ်သတ်တာဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြပြီး မည်သည့်PDF အဖွဲ့များဖြစ်ကြောင်းကိုတော့ မသိရှိရသေးပါဘူး။
နန်းမားမြို့မှာ ဇန်နဝါရီလ၂၄ ရက်နေ့တွင်လည်း ရှမ်းနီတိုင်းလျှန် သွေးစည်းညီညွှတ်ရေးပါတီ (SSP) ကနေ ၂၀၂၀ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းဝင်ပြိုင်ခဲ့သည့် ဦးတင်ညွှန့်ကို PDF တပ်ဖွဲ့ဝင်များက သတ်ဖြတ်ပစ်သတ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။