နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် နိုင်ငံတကာဝေဖန် 

ဧပြီ ၂၈ ၊ ရန်ကုန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ခဲ့မှုအပေါ် နိုင်ငံတကာက ဝေဖန်ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်လာကြပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၂၈ ရက်နေ့က အဂတိမှုနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာပါ။ 

ထောင်ဒဏ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ထားတဲ့ ခေါင်းဆောင်တွေရဲ့ တရားဝင်မှုကို ပျက်ပြားစေဖို့ ကြိုးပမ်းမှုအသစ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းမှုကြောင့် တရားဥပဒေစိုးမိုရေးဆိုင်ရာ အခြေခံမူတွေကို မထီမဲ့မြင်ပြုခြင်းရဲ့ လက္ခဏာတစ်ရပ်လို့လည်း ထုတ်ပြန်ပါတယ်။​

ဥရောပသမဂ္ဂက လက်ရှိအကြပ်အတည်းတွေကို ပြေလည်အောင်ဖြေရှင်းဖို့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ထောက်ပြထားပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျည်းသားတွေအားလုံးကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့လည်းတောင်းဆိုထားပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်အထိချမှတ်ထားပြီလည်းဖြစ်ပြီး ဖမ်းဆီးခံထားရသူ တစ်သောင်းသုံးထောင့်လေးရာကျော်လည်းရှိနေပြီဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *