နိုင်ငံရေးနည်းလမ်းဖြင့် ပြန်လည်ရင်ကြားစေ့ရေးနှင့် အသွင်ကူးပြောင်းရေး တရုတ်ထောက်ခံ 

နိုဝင်ဘာ ၇ ၊ ရှမ်းနီအသံ 

မြန်မာနိုင်ငံရဲ့ ပြန်လည်ရင်ကြားစေ့ရေး နဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွေကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့ တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်က စစ်ကောင်စီ ဥက္ကဌကိုပြောပါတယ်။ 

နိုဝင်ဘာလ ၆ ရက်နေ့က မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးတက်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ကောင်စီဥက္ကဌ နဲ့ ဝန်ကြီးချုပ် လီချန်တို့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာလို့ တရုတ်မီဒီယာ စင်ဟွာသတင်းဌာနက ရေးသားဖော်ပြပါတယ်။ 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ပြန်လည်ရင်ကြားစေ့ရေးနှင့် အသွင်ကူးပြောင်းရေးဖြစ်စဉ်အား တွန်းအားပေးသည့်အပေါ် တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အရည်အသွေးမြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေးမူဘောင်အောက်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုအား တည်ငြိမ်စွာ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း”  လီချန်က ပြောပါတယ်။ 

တစ်ဆက်စပ်တည်းမှာပဲ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံဝန်ထမ်းများ၊ အဖွဲ့အစည်း ဌာနတွေနဲ့  စီမံကိန်းလုံခြုံရေးကို လက်တွေ့ အကာအကွယ်ပေးဖို့ ၊ တရုတ်

နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ဘက်ပေါင်းစုံကဏ္ဍတွေကို ပူးပေါင်းဖို့ ဆန္ဒရှိတယ်လို့ သူကပြောပါတယ်။ 

စစ်ကောင်စီ အကောင်အထည်ဖော်နေတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ထောက်ခံသလို  ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံ ဆန္ဒပြုကူညီမယ်လို့ စစ်ကောင်စီက ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ 

အပစ်ခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံရဲ့ စေ့စပ်ငြိနှိုင်းပေးမှုနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ဟိုဂင်ဆွေးနွေးပွဲ ရလဒ်တွေဟာလည်း တိုင်းရင်းသားနက်ကိုင်တပ်ဖွဲ့တွေက  ချိုးဖောက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီဥက္ကဌက တရုတ်ဝန်ကြီးချုပ် လီချန်ကိုပြောပြပါတယ်။  ဆိုပါတယ်။ 

တရုတ်-မြန်မာနယ်စပ်ဒေသတွေမှာ  ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး   ညီနောင်မဟာမိတ် TNLA, MNDAA, AA  နှင့်  NUG လက်အောက်ရှိ PDF  တပ်ဖွဲ့တွေများ ၊ တခြားPDF တပ်ဖွဲ့များ ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်များ ၊ တပ်ရင်းတပ်ဖွဲ့များ ၊​နယ်စပ်ဂိတ်များကို သိမ်းယူခဲ့တယ်။ 

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆွေးနွေးဖို့အသင့်ရှိထားပေမယ့်  ၁၀၂၇ စစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့တဲ့ TNLA, MNDAA, AA တို့ ဟာငြိမ်းချမ်းရေးလိုလားကြောင်း ရှင်းလင်းပြတ်ထားတဲ့ လုပ်ဆောင်ချက်ရှိမှသာ ဆွေးနွေးမှုတွေကို  ဆက်လက်မယ်လို့ ပြောဆိုထားပါတယ်။

တရုတ်-မြန်မာနယ်စပ်ဂိတ် ၉၀ ရာခိုင်နှုန်းကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ကံပိုက်တည် နှင့် မူဆယ်နယ်စပ်ဂိတ်များသာ စစ်ကောင်စီက ထိန်းချုပ်ထားဆဲလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *