
ဇန်နဝါရီ ၁၅ ၊ ရန်ကုန်
နွေဦးတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း(၁၀၀)ကျော် ဘဏ္ဍာရန်ဘုံငွေ ရှာဖွေနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ကပြောပါတယ်။
အင်းလျားကန်နားရှိတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ နေအိမ်ကို အမေရီကန်းဒေါ်လာ ၇သန်းနဲ့ (NUG)က ရောင်းချခဲ့ပြီး ဒေါ်လာ ၄သန်းနီးပါး ရရှိခဲ့ပြီးဖြစ်တယ်လို့လည်း ပြော ဆိုထားပါတယ်။
“ ပြန်ချုပ်ပြောရမယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာနကနေပြီးတော့ တော်လှန်ရံပုံငွေများကို ခုနကပြောခဲ့တဲ့ စီမံကိန်းတွေဆီကနေ အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်လောက် ဘဏ္ဍာရံပုံငွေကို ရှာဖွေနိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်ခင်ဗျာ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ်ကနေစတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထိန်းချုပ်နယ်မြေ ၃၈ မြို့နယ်ကနေ အခွန်ကောက်ခံမှုတွေရှိနေပြီး ကျပ် ၃ဘီလီလံ ရရှိခဲ့တယ်လို့လဲ ဆိုပါတယ်။
ရရှိခဲ့တဲ့အခွန်တွေကို ပြည်ထောင်စုအဖွဲ့က ၃၀ ရာခိုင်နှုန်း ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ၃၀ ရာခိုင်နှုန်း ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က၄၀ ရာခိုင်နှုန်း သုံးစွဲတယ်လို့ ပြောဆိုမှုအရ NUG စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးမင်းဇေယျာပြောဆိုမှုအရ သိရပါတယ်။
ထို့အပြင် တော်လှန်ရေးရန်ပုံငွေအတွက် ရန်ကုန်က စစ်ကောင်စီပိုင် မြေနေရာတွေကို တန်ဖိုးနည်းအရစ်ကျ ရောင်းချပေးသွားမှာဖြစ်သလို ၊ မိုးကုတ်ရတနာမြေမှာလည်း ကျောက်မျက်တူးခွင့်တွေကို ချပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။