ပင်လည်ဘူးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ နှုတ်ထွက်

စက်တင်ဘာ ၁၅ ၊ ပင်လည်ဘူး

ပင်လယ်ဘူးမြို့နယ်ရှိ ပင်းမူကျေးရွာအုပ်စု ၊ တောင်ကုန်းကျေးရွာအုပ်စု နှင့် တခြားသော ရပ်ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများသည် ယခုရက်ပိုင်းအတွင်း နှုတ်ထွက်စာတင်ထားခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားထားကြသည်။​

စက်တင်ဘာလ (၁၅) ရက်နေ့ ညပိုင်းတွင် ပင်းမူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ၎င်းတွင် အစာအိမ်ရောဂါကြောင့် နှုတ်ထွက်ခွင့်ပြုရန် ရုံးတံဆိပ်ရိုက်နှိပ်စာဖြင့် ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပင်လည်ဘူးဒေသခံတစ်ဦးက ” ပင်လည်ဘူး နယ်အတွင်းမှာ အုပ်မှူးတွေအသတ်ခံရ အဲ့ဒါတွေကြောင့် ထွက်တယ်လို့ထင်တာပ” ဟု ပြောကြားသည်။

တခြားသောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

စက်တင်ဘာလအတွင်းတွင် ပင်လည်ဘူးဒေသကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်များ ထိတွေ့မှုများရှိသလို အုပ်ချုပ်ရေးမှူးအသတ်ခံရမှူများလည်းရှိဟု ဒေသခံများကပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *