စက်တင်ဘာ ၄ ၊ ပင်းကြိုင်း
မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာက အလယ်တန်းကျောင်းမှာ ပြောင်းရွေ့လာတဲ့ ကျောင်းအုပ်ဆရာကြီးအသစ်ဟာ အာဟာရကြေးအတွက် ငွေကြေးအတင်းအဓမ္မကောက်ခံခြင်းမရှိဘူးလို့ ရပ်မိရပ်ဖတွေက ရှမ်းနီအသံကို ပြောပြပါတယ်။
ကျောင်းသားမိဘတွေဆီကနေ အတင်းအဓမ္မငွေကြေးကောက်ခံကာ ကြက်သားနှင့်ဆန်ပြုတ်တိုက်မယ်ဆိုပြီး ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပြီးနောက် ရပ်မိရပ်ဖတွေက အခုလိုပြန်လည်ဖြေရှင်းခဲ့တာလည်းဖြစ်ပါတယ်။
“ အခုဟာက လျှောက်ပြောနေကြလို့ အတင်းအဓမ္မကောက်တာမရှိဘူး၊ ကျွန်တော်တို့က ၂၀၁၃ ခုနှစ်ကတည်းက အခုလိုကျွေးလာတာ ၊ ဆန်ပြုတ်တို့ ၊ ကြာဆန်တို့တွေကိုကျွေတာ။ ဒါက ဆရာကြီးနဲ့လည်းမဆိုင်ဘူး။ ကျောင်းကော်မတီနဲ့ မိဘအသင်းကပဲ လုပ်တာ” လို့ ပင်းကြိုင်း New Generation Networt မှ လူငယ်တစ်ဦးက ပြောပြပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကျောင်းအကျိုးတော်ဆောင်ကော်မတီ နှင့် မိဘဆရာအသင်း အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ငွေကြေးထည့်ဝင်မှုများ ၊ အလှူခံမှုများပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်နေ့မှာ အာဟာရတိုက်ကြွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပြပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့က ပင်းကျိုင်းကျေးရွာအတွင်းမှာ ရပ်မိရပ်ဖများ ၊ ကျောင်းကော်မတီများ ၊ မိဘအသင်းများနဲ့ ရပ်သူ/ရွာသားတွေ ငွေကြေးကောက်ခံမှုကြောင့် ထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြမှုမှားယွင်းတယ်ဆိုတဲ့အကြောင်းကို အစည်းအဝေးတက်ရောက်ကြတဲ့ ရပ်သူရွာသားတွေက ပြင်ဆင်ပေးဖို့ နဲ့ တောင်းပန်ဖို့အတွက် လက်မှတ်ရေးထိုးပြီး တောင်းဆိုခဲ့ကြပါတယ်။
ပင်းကြိုင်း အလယ်တန်း(ခွဲ)ကျောင်းမှာ ကျောင်းသူ/သား သုံးရာနီးပါး ပညာသင်ကြားနေတဲ့ ကျောင်းတစ်ခုလည်းဖြစ်ပါတယ်။