


ဒီဇင်ဘာ ၆ ၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာရဲ့ ရွာဦးထိပ်ဓမ္မာရုံ အလယ်တည့်တည့်ကို လက်နက်ကြီးကျည်ကျခဲ့တယ်လို့ ဒေသခံတွဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ ညနေခြောက်နာရီခွဲအချိန်မှာ ထောင်စခန်းကနေပစ်ခတ်ခဲ့တဲ့ RPG လက်နက်ကျည်ဟာ ဓမ္မာရုံအပေါ်ခေါ်မိုးဖောက်ပြီးကျရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဓမ္မာရုံရဲ့အောက်ထပ်မှာလည်း စစ်ရှောင် ၁၂၀ လာရောက်တိမ်းရှောင်နေကြတဲ့အချိန်လည်းဖြစ်တယ်လို့ သိရပါတယ်။
ထိုဓမ္မာရုံဘေးတွင်လည်း ညနေပိုင်း တစ်လုံးပစ်ခဲ့ပြီး ဆန်ခါ ရွာဘေး သို့ စုစုပေါင်း (၅)ချက်ခန့် ကျကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ရွာသားတွေရှိတဲ့ ဆန်ခါနဲ့ မှော်ပုံကျေးရွာထဲကို လက်နက်ကြီးတွေအကြောင်းမဲ့ မပစ်သင့်တဲ့အကြောင်းကိုလည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့မှာ ညနေ ၄ နာရီအချိန်မှာ မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး သေနတ်သံတွေထွက်ပေါ်ခဲ့တာလည်းဖြစ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်တွေ လူနေရပ်ကွက်တွေ၊ လမ်းမတွေဆီကို ကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေမကြာခဏထိခိုက်တာ၊ သေဆုံးတာတွေလည်းရှိနေတာဖြစ်ပါတယ်။