ဗန်းမောက်မြို့နယ်တောင်ပိုင်းကိုစစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့သတင်းကြောင့်ဒေသခံတွေစိုးရိမ်နေ

မတ် ၁၅ ၊ ​ဗန်းမောက် 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသကို  စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့ သတင်းကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဗန်းမောက်တောင်ပိုင်းဒေသက ဗန်းမောက်မြို့ပေါ်မှာ စျေးလာဝမဝယ်ကြတာ တစ်ပတ်ကျော်ရှိနေပြီဖြစ်ပြီး စိုးရိမ်တာကြောင့်လို့ ဗန်းမောက်ဒေသခံတစ်ဦးက ဆိုပါတယ်။ 

“ အခု လူတွေမှ မလာဘူး။ ဒီမှာ စျေးဝယ်တွေက။ တစ်ပတ် လေးငါးရက်ရှိပြီကော စျေးဝယ်တွေ မလာကြဘူး။”လို့ စျေးရောင်းနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက  ရှမ်းနီအသံကို ပြောပြလာပါတယ်။

မတ်လ ၁၂ ရက်နေ့ကစ ကသာမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ယာဉ်တန်းဟာ ဗန်းမောက်တောင်ပိုင်းမှာရောက်နေပြီလို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောဆိုကြပါတယ်။ 

” လောလောဆယ် ကျောင်းမှာ ရှောင်နေကြတယ်သူတို့။ သောင်ကြီးနား ရောက်လာပြီပြောတယ် သောင်ကြီး။ စီးမော်သောင်ကြီး။ ကျောက်အိုင်ကတွေလည်း အကုန် ဒယူးရောက်နေကြပြီကော။ ပေပင်ကျောက်အိုင်ကတွေလေ။ သူတို့ ပြေးတာက ရောက်တာ နီးလာလို့ ပြေးတာပဲလေ။”လို့ ခိုင်မာတဲ့ သတင်းအရင်းအမြစ်တစ်ခုက ပြောပြလာပါတယ်။ 

ရှမ်းနီအသံကနေ ဗန်းမောက်တောင်ပိုင်းဒေသကို မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဆက်သွယ်နေပေမယ့်  ဖုန်းလိုင်းပြတ်တောက်မှုတွေဖြစ်ပေါ်နေပြီး ဆက်သွယ်လို့ မရဖြစ်နေပါတယ်။ 

ဗန်းမောက်တောင်ပိုင်းဒေသမှာ ၂၀၂၂ ခုနှစ် ဇွန်လက  PDF တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်လကျော်ကြာမြင့်ခဲ့တာလည်းဖြစ်ပါတ်။  

Leave a Reply

Your email address will not be published. Required fields are marked *