ဗန်းမောက်မြို့နယ်မံလူဒေသစိတ်အတွင်း စပါးတင်းလေးထောင်နီးပါးပေးသွင်းဖို့ KIA+PDF ဆို 

Niဗန်းမောက်မြို့နယ်အတွင်းက လယ်ကွက်များကိုတွေ့ရစဉ် Photo /ShanNi Voice

ဖေဖော်ဝါရီ ၁၇ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး  ဗန်းမောက်မြို့နယ် မံလူဒေသစိတ်အတွင်းရှိကျေးရွာများက  စပါးတင်း လေးထောင်နီးပါး ပေးသွင်းကြဖို့  KIA+PDF က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ မံလူကျေးရွာအုပ်စု ကြောင်လည်ကျေးရွာတွင် ပြုလုပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အစည်းဝေးတွင် ပြောကြားခဲ့ကြောင်းသိရသည်။ 

“ အစည်းအဝေးသွားတက်တဲ့ အုပ်ချုပ်ရေးမှူးတွေက တဆင့်ရွာကို ပြန်ပြောတာပေါ့။ ကျွန်တော်တို့ရွာက တစ်အိမ်ကို နှစ်တင်းနှုန်းလောက်သွင်းရမယ်။ ဝမ်းစာ စပါးတောင် မလုံလောက်ကြတာ အဆင်တော့ မပြေဘူးပေါ့။ ” ဟု ပင်ပုံကျေးရွာ အုပ်စုမှ ပြည်သူ တစ်ဦးကဆိုသည်။

ထို့ပြင် စပါးများကိုရောင်းချမည်ဆိုပါကလည်း ကျေးရွာပြင်ပ ရောင်းချခွင့်မရှိပဲ ၎င်းတို့ထံသာ ရောင်းချရမည်ဟုလည်းပြောကြားကြောင်းသိရသည်။

“ အပြင်မှာတော့ စပါးတစ်တင်းကို တစ်သောင်းနှစ်ထောင်ပေါက်တာပေါ့ ။ သူတို့က ၆ ထောင်စျေးနဲ့ပဲ ဝယ်တာ။ တစ်ချို့လည်း မရှိတော့ ရောင်းကြရတာပဲ။”ဟု မံလူဒေသစိတ်အတွင်းမှ ကျေးရွာသားတစ်ဦးကဆိုသည်။

KIA+PDF က မံလူဒေသစိတ် အုပ်စုအလိုက် ခွဲတမ်းကျ စပါးများပေးဆောင်ရန် သတ်မှတ်သော နှုန်းထားမှာ မံလူအုပ်စုတွင် ပင်းခါးကျေးရွာ ၅၀၀ တင်း၊ ကြောင်လည်ကျေးရွာ ၆၀၀ တင်း၊ နားပင်ကျေးရွာ ၃၀၀ တင်း၊ မံလူကျေးရွာ ၆၀၀ တင်း၊ ပါထွန်ကျေးရွာ ၅၀၀ တင်း၊ ကန်ကြီးကုန်းကျေးရွာ ၃၀၀ တင်း၊ ပင်ပုံအုပ်စုတွင် ၁၀၀၀ တင်း အားလုံးစုစုပေါင်း ၃၈၀၀ တင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *