ဗန်းမောက်မြို့နယ်သုံးရက်အတွင်းစစ်ကောင်စီက လေယာဉ်နစ်ခါဗုံးကျဲ 

ကျေဗုံးကျဲခံရသည့် မံထုံကျေးရွာ ရဲစခန်းနှင့် စာသင်ကျောင်းများကို Google Map ကနေ တွေ့ရစဉ်

နိုဝင်ဘာ ၁၇ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ သုံးရက်အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးနှစ်ကြိမ်ကျဲချခဲ့တယ်လို့သိရပါတယ်။ 

နိုဝင်ဘာလ ၁၆ ရက်နေ့ ည (၁၀)နာရီဝန်းကျင်အချိန်မှာ ဗန်းမောက်မြို့နယ်မြောက်ဘက် မံထုံကျေးရွာရှိ ရဲစခန်းဟောင်း နေရာအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးနှစ်လုံးကျဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

KIA၊ PDF တွေရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဗုံးကျဲချတာဖြစ်နိုင်တယ်လို့လည်း ဗန်းမောက်မြောက်ပိုင်းက ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဘက်ရဲ့ သတင်းတွေအရ ထိခိုက်သူ အများအပြားရှိပြီး တချို့ပျောက်ဆုံးမှုတွေလည်းရှိနေတယ်လို့ ဆိုထားပါတယ်။ 

စစ်ကောင်စီက ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသက ကံကုန်းကျေးရွာကိုလည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ဗုံး ခုနစ်လုံးကျဲချခဲ့ပြီး နေအိမ်တစ်လုံးထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေကနေ စုံစမ်းသိရှိရပါတယ်။ 

ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသ ၊ အရှေ့ပိုင်းဒေသတွေမှာ KIA PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေက မကြာခဏစစ်ဘေးတိမ်းရှောင်နေကြရတာတွေလည်းရှိနေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *