မိုးညှင်းမြို့တွင်မိုးသည်းထန်စွာရွာသွန်းပြီး စပါးစိုက်ပျိုးထားသည့်လယ်ဧက တစ်ထောင်ကျော်ရေနစ်မြှုပ်

ဇူလိုင် ၂၀ ၊ မိုးညှင်း 

မိုးညှင်းမြို့အနီးရှိ စပါးစိုက်ပျိုးထားတဲ့ လယ်ဧက တစ်ထောင်ကျော် ယမန်နေ့ည ၁၂ နာရီကျော်မှာ  မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မနက်ပိုင်းကစ ရေနစ်မြှုပ်နေတယ်လို့  ဒေသခံများထံမှ သိရပါတယ်။

   နန့်ရင်းချောင်းတော့သိပ်မကြီးဘူးပင်းဟဲကဖြတ်ခဲ့တဲ့နန့်တက်ချောင်းကကြီးလို့အဲ့ဒီကလယ်တွေချောင်းတွေကနစ်တာလေပင်းဟဲလမ်းဆုံကလယ်တစ်စားကျတော့မစိုက်ရသေးဘူးပျိုးတွေချထားတုန်းရှိသေးတယ်ပျိုးတွေရှိတော့ရှိသေးတယ်ရေမျှောလားမမျှောလားမသိဘူးတစ်ချို့ကစိုက်ထားပြီးရေနစ်တာတစ်ချို့ကမစိုက်ရသေးဘူးအေ့လိုဖြစ်နေတယ်ဟုအုန်းစံဆိုင်ရွာသားတစ်ဦးကပြောပြပါတယ်။

  ရေနစ်မြှုပ်မှုအများဆုံးဖြစ်တဲ့  ဟဲလုံကွင်းအတွင်း စိုက်ထားတဲ့ လယ်ဧကတွေဖြစ်ပြီး  တခြား ဆင်ဘိုကုန်းကျေးရွာ၊ပင်းဟဲကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ရန်ကင်း စတဲ့ကျေးရွာရှိ လယ်ကွက်တွေမှာလည်း ရေနစ်မြှုပ်မှုဖြစ်နေတယ်လို့လည်း သိရပါတယ်။

  မိုးသည်းထန်စွာရွာသွန်းမှုအပြင် လေတိုက်ခတ်မှုတွေလည်း ဖြစ်ပွားတာကြောင့် မိုးညှင်းမြို့အထွက်လမ်းတစ်လျှောက်ရှိ သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများ ရှိနေတယ်လို့ မိုးညှင်းဒေသခံများက ဆိုပါတယ်။

  ဒီအချိိန်ဆိုကြီးတတ်ပါတယ်တစ်ခါတစ်လေကြီးတတ်တယ်အပျက်အစီးအများကြီးဟိုလိုကြီးမရှိပါဘူးနစ်လိုက်ပြန်ကျတယ်ရေတွေကလို့ဒေသခံတစ်ဦးကပြောပါတယ်။ 

ပြီးခဲ့တဲ့ လပိုင်းမှာလည်း မိုးညှင်းမြို့ပေါ် ရှိ နန့်ရင်းချောင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်တချို့ ရေနစ်မြှုပ်မှုဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *