မိုးညှင်းမြို့တွင် သပိတ်လမ်းကြောင်း များကို ရဲတပ်ဖွဲ့များ လိုက်ပိတ်ပင်သော်လည်း ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြ

မတ် ၅ ၊ မိုးညှင်း

ရဲတပ်ဖွဲ့များက မိုးညှင်းမြို့မဈေးသွားသည့် လမ်းကို ပိတ်ထားပေမယ့်လည်း ဆန္ဒပြသူများက ကွေ့ရှောင်ပြီး ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခင်က တားဆီးပိတ်ပင်မှု မရှိခဲ့သော်လည်း ၂ ငါးလုံးဆန္ဒပြပွဲပြီးနောက် သပိတ်လမ်းများကို တားဆီးပိတ်ပင်မှု နေ့စဉ်ပြုလုပ်လာခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများက ၎င်းတို့ တားဆီးမှုများနှင့် ထိပ်တိုက်မတွေ့အောင် ရှောင်ကွင်းဆန္ဒထုတ်ဖော်နေကြသည်။

ဆန္ဒထုတ်ဖော်သူများက အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံ အမျိုးမျိုးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *