မိုးညှင်းမြို့နယ်တွေထဲစက်သုံးဆီယာဉ်မဝင်ရောက်နိုင်ခြင်းကြောင့်ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေ

နိုဝင်ဘာ ၂၂ ၊ မိုးညှင်း

စက်သုံးဆီယာဉ်များမဝင်ရောက်နိုင်တာကြောင့်    မိုးညှင်းမြို့ပေါ် နှင့် အင်းတော်ကြီးဒေသတွေမှာ  ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

  “ ပြတ်နေတာဟိုးတစ်နေ့ကတည်းက အလောပါ့ဝယ်နေရတယ် ဟိုးဟိုဘက် ဆီထည့်တာမရတာလို့ မြို့ပြင်တွေသွားလည်း မရဘူး မနက်ဆိုသွားတန်းစီနေရတယ်’ဟု မိုးညှင်းမြို့ပေါ်နေ ဒေသခံတစ်ဦးက  ပြောပြပါတယ်။

 စက်သုံးဆီအရောင်းဆိုင်အများစု ဖွင့်လှစ်ထားခြင်းမရှိဘဲ ယနေ့နံနက်ပိုင်းမှာ မြို့တွင်းရှိ ASK နှင့် ကံကြီးမောင် စက်သုံးဆီအရောင်းဆိုင်နှစ်ဆိုင်တို့သာ ဖွင့်လှစ်ထားပြီး အကန့်အသတ်နဲ့သာ တန်းစီဝယ်ယူနေရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါစက်သုံးဆီအရောင်းဆိုင်များတွင်  92 တစ်လီတာ ကို ကျပ်(၃၀၀၀)ကျော်၊ 95 တစ်လီတာ ကို ကျပ် (၅၀၀၀)ကျော် နဲ့ ဝယ်ယူအသုံးပြုနေကြရတာလည်း ဖြစ်ပါတယ်။

  မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် အင်းတော်ကြီးဒေသတွေမှာလည်း စက်သုံးဆီရှားပါးပြတ်လပ်မှုတွေဖြစ်ပေါ်နေကာ ကူးသန်းသွားလာနိုင်ရန် အခက်အခဲများစွာ ဖြစ်ပေါ်နေသည်ဟု သိရပါတယ်။

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပိတ်ထားမှု တစ်ပတ်အကြာ  ဒေသတွင်းတွေမှာ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာတာဖြစ်ပြီး လမ်းပိုင်းပြန်လည်ဖွင့်လှစ်မည့်ရက်ကို တိတိကျကျသိရှိနိုင်ခြင်းမရှိသေးဘူးဟု ဒေသခံများက ဆိုကြပါတယ်။

 အင်းတော်မြို့နှင့် မိုးညှင်းမြို့နယ်ကြားကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းပိုင်းပိတ်ပင်ထားတာဖြစ်ပြီး လမ်းပိုင်းပိတ်ထားစဉ်အတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိိုက်မှုတွေလည်းရှိခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *