
ဇူလိုင်၁၉၊မိုးညှင်း
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာသား (၂)ဦးဟာ ဇွန်လ ၁၇ ရက််နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်မှာ နန့်မွန်းမြို့အဝင်ဆိုင်းဘုတ်အနီးမှာ အချင်းများရာကနေ ဓားထိုးသတ်မှု ဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ သူတို့သူငယ်ချင်းသုံးယောက်ပါသုံးယောက်အချင်းချင်းအရက်သောက်လို့ဟိုပင်ကိုသွားရင်းနဲ့အခုသေတဲ့နောက်ဆုံးကကောင်ကအလယ်ကကောင်ကိုအနောက်ကနေဓားနဲ့စတာလားပြောတာလားမသိဘူးအာ့နဲ့ဆိုင်ကယ်ရပ်ပြီးမှလုံးကြရင်းဓားမြှောင်လုပြီးထိုးသတ်တာလို့ပြောတာပဲ” ဟုမိုင်းနောင်အုပ်ချုပ်ရေးမှုးနဲ့နီးစပ်သူတစ်ဦးကပြောပြပါတယ်။
သေဆုံးသူက လည်ပင်းခုတ်ထွင်း ပြတ်ရှဒဏ်ရာများ ၊ နံကြားဓားထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အသတ်ခံရသူက မိုင်းနောင်ကျေးရွာ၊ ဆင်ဖြူကုန်းရပ်ကွက်တွင်းနေထိုင်သူဖြစ်ပြီး လူသတ်မှုကျူးလွန်တယ်လို့ဆိုသူက မိုင်းနောင်ကျေးရွာ ၊ ဗိုလ်တဲကုန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်သည်ဟု သိရပါတယ်။
“ ဝန်ခံတာတော့မဟုတ်ဘူး ရွာထဲမှာ သူ့ဟာသူကြောင်ပြီးတော့အော်ပြောနေတာ သူကရွာထဲပြန်ခဲ့တာလေ ရွာထဲမှာ သူ့ကိုယ်သူငါလူသတ်ခဲ့တယ် အရက်မူးပြီးမှ လူသတ်ခဲ့တယ်ဆိုတာနဲ့ ဟိုမှာသေတာနဲ့ကွက်တိဖြစ်သွားတာပေါ့” ဟု လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသူက ဆက်ပြောပြပါတယ်။
၎င်းတို့နှစ်ဦးစလုံးဟာ အသက်(၂၀)ဝန်းကျင်အရွယ်ရှိ လူငယ်များဖြစ်ကြပြီး သေဆုံးသွားသူက ဟန်ထွန်းဦး ဖြစ်ကြောင်း မိုင်းနောင်ကျေးရွာသားများရဲ့ပြောပြချက်အရ သိရပါတယ်။
မိုင်းနောင်ကျေးရွာမှာ ဇွန်လ၉ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းစစ်ဆေးနေစဉ် ထွက်ပြေးသည့် အရပ်သားတစ်ဦး ပစ်သတ်ခံမှုဖြစ်စဉ်ကလည်း မကြာသေးမီက ဖြစ်ပွားခဲ့ပါသေးတယ်။