မိုးညှင်းမြို့အောက်စီဂျင်စက်ရုံတည်ဆောက်ရေးအတွက် လိုအပ်သည့် သဲကျောက် နှင့် ဖို့မြေအတွက် မိုးညှင်းမြို့နယ်ကားသမားများစုပေါင်းလှူဒါန်း

မိုးညှင်းမြို့တွင် တည်ဆောက်မည့် အောက်စီဂျင်စက်ရုံအတွက် လိုအပ်သည့် သဲကျောက် နှင့် ဖို့မြေ အတွက် မိုးညှင်းမြို့နယ် ကားသမားများ ဇူလိုင်လ (၂၄)ရက်နေ့က စုပေါင်းပြီးလှူဒါန်းကြောင်း သိရသည်။

“ ဒီနေ့လုပ်တဲ့ ပထမဆုံးအနေနဲ့ သူတို့ဝင်းမြေညှိတဲ့နေရာမှာ မြေဖို့တဲ့တဲ့ အစီးတစ်ရာကျော်တိုက်ပြီးတော့ လုပ်ပေးတဲ့ ပထမဆုံးကုသိုလ်ပေါ့နော်” ဟု ကားသမားတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

၎င်းတို့က အောက်စီဂျင်စက်ရုံတည်ဆောက်ပြီးစီးသည့်အချိန်ထိ သဲ ၊ ကျောက် ၊ မြေလိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားနိုင်ရန်အတွက် ပြောဆိုဆွေးနွေးမှုများရှိထားပြီဖြစ်ကြောင်းသိရသည်။

မိုးညှင်းမြို့ အောင်သပြေ (၁) တွင် အောက်စီဂျင်စက်ရုံကိုတည်ဆောက်ရန်အတွက် မြေညှိထားနေပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *