မိုးညှင်းမြို့ စစ်အာဏာရှင်ဆန့်ကျင် ရေး တစ်လပြည့်

မတ် (၈) ၊ မိုးညှင်း

မိုးညှင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲသည် ယနေ့ မတ်လ (၈) ရက်နေ့တွင် တစ်လပြည့်ခဲ့ပြီဖြစ်သည်။

ကျောင်းသားများ ၊ ပညာရေး ၊ ကျန်းမာရေး ၊ မီးရထား ၊ စိုက်ပျိုးရေး ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ အုပ်ချုပ်ရေးဝန်ထမ်းတချို့ နှင့် တိုင်းရင်းသားလူငယ်များ ၊ အရပ်ဘက်အဖွဲ့အစည်းများ တစ်လလုံး ပါဝင်ခဲ့ကြသည်။

တစ်လအတွင်းတွင် မိုးညှင်းမြို့ နေရာအနှံ့သို့ ချီတက်လမ်းလျှောက်ရင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံအမျိုးမျိုးဖြင့် ဟစ်ကြွေးဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *