
ဖေဖော်ဝါရီ (၁) ၊ မိုးညှင်း
မိုးညှင်းမြို့ နမီးစုရပ်ကွက် မြို့မအလယ်တန်းကျောင်းခွဲရှေ့တွင် မိုင်းနှစ်လုံးပေါက်ကွဲမှုတစ်ခု ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၇ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမိုင်းနှစ်လုံးမှာ အသံမိုင်းများသာဖြစ်ပြီး စာသင်ကျောင်းရှေ့ရှိ မြောင်းကြားအတွင်းမှာ ကြိုတင်လာရောက်ထောင်ထားခြင်းသာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာမရှိဘူးလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
“မနက်၇နာရီလောက်ရှိမယ် အသံအကျယ်ကြီးကြားလိုက်တာ ပြောနေကြတာတော့ ဘာမှထိခိုက်ပျက်စီးတာ မရှိဘူးတဲ့ အသံမိုင်းပဲတဲ့ ခုကလေးတွေတောင် ကျောင်းရောက်နေကြပီကော” ဟုမိုးညှင်းမြို့ပေါ်နေ ဒေသခံတစ်ဦးက ဆိုပါတယ်။
မိုင်းဖောက်ခွဲမှုကို မိုးညှင်းတော်လှန်ရေးအင်အားစုများက ၎င်းတို့ရဲ့လက်ချက်မဟုတ်ကြောင်း ပြောဆိုထုတ်ပြန်ထားပါတယ် ။
မိုးညှင်း တက္ကသိုလ်ဝန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း မနက်ခင်းအစောပိုင်းတွင် သေနတ်ဖောက်ပြီး ကျောင်းဝင်းထဲ ပြန်ဝင်သွားကြတယ်လို့လဲ ဆိုကြပါတယ်။
၂၀၂၁ ဇွန်လ နှင့် ၂၀၂၂ ဒီဇင်ဘာလ တွင်လည်း မိုးညှင်းမြို့ အ.ထ.က(၂)စာသင်ကျောင်းတွင်လည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်ရှင်။