မြစ်ကြီးနား-မန္တလေးလမ်းပိုင်းပြန်ဖွင့်နေပြီးနှစ်ရက်ခြားတစ်ကြိမ်သွားလာခွင့်ပြုမယ်လို့ဆို

နိုဝင်ဘာ ၂၃ ၊ မိုးညှင်း 

တစ်ပတ်ကြာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတဲ့ မြစ်ကြီးနား-မိုးညှင်း-မန္တလေးလမ်းပိုင်းကို နိုဝင်ဘာလ (၂၂) ရက်နေ့ မှစတင်ကာ နှစ်ရက်ခြားတစ်ကြိမ် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

နှစ်ရက်ခြားတစ်ခါဖွင့်ပေးမယ်လို့တော့ပြောတယ် တစ်ပတ်ကိုနှစ်ရက်ဆိုလား နှစ်ရက်ခြားတစ်ခါဆိုလား ဖွင့်တာကဖွင့်မယ်တဲ့ လာရဲရင်လာကြတဲ့ PDFတွေက အေ့လိုပြောတယ် စစ်တပ်ကတော့ဖွင့်ပေးထားတာပေါ့” ဟု မိုးညှင်းမြို့ပေါ်နေ ပြည်သူတစ်ဦး ရှမ်းနီအသံကို ပြောပြပါတယ်။

  အင်းတော်လမ်းပိုင်းတွင် ပိတ်မိနေသော အတက်ယာဉ်များအားလုံး မိုးညှင်းမြို့တွင်းသို့ ဝင်ရောက်လာနိုင်ကြပြီဖြစ်တယ်လို့ ဒေသခံများက ဆိုပါတယ်။

လမ်းပိုင်းဖွင့်ခြင်းကြောင့် ခရီးသည်တင်ယာဉ်လိုင်းကားသေးများက ဒီနေ့မှာ မန္တလေးဘက်ကို ထွက်သွားကြပေမယ့် Express ယာဉ်လိုင်း လမ်းခရီး အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရပါတယ်။ 

  “ ကားတွေကသွားပြီလားဆိုတော့ အေဒီနေ့ကတော့သွားကြတယ် မနေ့က ကားလမ်းကတော့နှစ်ရက်ဖွင့်ပေးမယ်လို့ပြောလို့လေ အမတို့တော့မယုံသေးလို့မသွားသေးဘူး တစ်ခြားကားတွေတော့သွားတယ်” ဟု မိုးညှင်းမြို့ရှိ ကားဂိတ်တစ်ခုက ပြောဆိုပါတယ်။ 

  လမ်းပိုင်းပြန်ဖွင့်လာပြီး စက်သုံးဆီယာဉ်များကတော့ ယနေ့ နိုဝင်ဘာလ(၂၃)ရက်နေ့မှာ မြို့တွင်းသို့ ဝင်ရောက်လာခဲ့ပြီလို့ သိရပါတယ်။

  အဆိုပါလမ်းပိုင်းများပိတ်ထားခံရမှုကြောင့် မိုးညှင်းမြို့နယ်အတွင်းမှာ  စက်သုံးဆီရှားပါးပြတ်လတ်မှုနှင့် ကုန်စျေးနှုန်းအဆမတန်ကြီးမြှင့်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *