မြန်မာ့ရွှေစျေး သိန်းတစ်ရာနီးပါးရောက်ရှိလာနေ 

ဇန်နဝါရီ ၁၅ ၊ ဟုမ္မလင်း 

မြန်မာ့ရွှေစျေးကွက်မှာ ဒီနေ့မနက်ပိုင်း အဖွင့်စျေးအနေနဲ့ (၉၉) သိန်း (၂ )သောင်းကျပ်နဲ့ စတင်ဖွင့်လှစ်ခဲ့တယ်လို့   ရွှေဆိုင်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

ရွှေစျေးမြင့်တက်နေမှုဟာ (၂၀၂၆) ခုနှစ်စကတည်းက ဖြစ်ပြီး နေ့စဉ်နဲ့အမျှ တရိပ်ရိပ်မြင့်တက်နေတာလို့ ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။ 

ရွှေစျေးကွက်က ဘယ်လိုလာမယ်မသိသေးဘူး။ အခုက တစ်ရာတောင်ကပ်နေပြီ ၊ ရွေးကောက်ပွဲတွေပြီးရင်တော့ ကိုင်တော့မယ်ထင်တယ် “​လို့သူကပြောပါတယ်။ 

ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို  ဒီနေ့မနက်ပ်ိုင်းမှာ ၄၅၉၁ ဒသမ ၂၆ ဒေါ်လာ နဲ့စတင်ဖွင့်ခဲ့ပြီး မနေ့ကထက် စျေးလျော့နည်းလာတာလည်းဖြစ်ပါတယ်။ 

အခုလိုရွှေစျေးတွေ မြင့်တက်ရင် အရင်က  ရွှေဆိုင်တွေကို စစ်တပ်ဘက်က ခေါ်ယူစစ်ဆေးတာတွေရှိခဲ့ပေမယ့် အခုမှာတော့ မကြားမိသေးဘူးလို့ ဆိုကြပါတယ်။ 

သို့ပေမယ့်လည်း ရွှေလုပ်ငန်းရှင်တွေကတော့ အခုလိုအခြေနေကို သတိထားစောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။ 

မန္တလေးနဲ့ ရန်ကုန် ရွှေအသင်းတွေရဲ့ တရားဝင်သတ်မှတ်စျေးနှုန်းက ရွှေတစ်ကျပ်သားကို ကျပ်သိန်း   ( ၆၀)  ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ 

(၂၀၂၁) ခုနှစ် မှာ ရွှေတစ်ကျပ်သားကို ငွေကျပ်  ၁၇ သိန်းရှစ်သောင်းပဲရှိခဲ့ပေမဲ့  (၂၀၂၆) ခုနှစ်မှာတော့ ဈေးနှုန်းက (၉၉) သိန်းကျော် အထိရောက်ရှိလာပြီး ၅ ဆကျော်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *