ရှမ်းနိုင်ငံရေးအင်အားစုများနှင့် လက်နက်ကိုင်များ လက်ရှိအခြေအနေများကို ညိီညီညွတ်ညွတ်စုပေါင်းဖြေရှင်းဖို့ ရှမ်းလူငယ်များတိုက်တွန်း 

ဖေဖော်ဝါရီ ၇ ၊ တောင်ကြီး

ရှမ်းနိုင်ငံရေအင်အားစုများ၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရှမ်းလူမှုအဖွဲ့အစည်းများဟာ လက်ရှိ ပြည်တွင်းပြည်ပ အခြေအနေများကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ညီညီညွတ်ညွတ်ဖြေရှင်းဖို့ ရှမ်းအရပ်ဘက်အဖွဲ့အစည်းများက ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။ 

ဖေဖော်ဝါရီလ (၇)ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက်  ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်အမျိုးသားနေ့) မှာ ရှမ်းလူငယ်များ ၊ ရှမ်းအရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ 

ဒီနေ့ဟာ ရှမ်းပြည်အမျိုးသားနေ့ရဲ့ အနှစ်သာရဖြစ်တဲ့ စည်းလုံးညီညွတ်မှုဖြစ်ပြီး ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွဟာလည်း စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့ အရှိန်ကောင်းဖြစ်သလို အချင်းချင်း ပဋိပက္ခတွေကို လျော့ချဖို့ တောင်းဆိုထားကြပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီနစ်သည်သာ လက်ရှိကြုံတွေနဲ့ရတဲ့ အထွေထွေအကြပ်အတည်းကို ဖြေရှင်းနိုင်တဲ့ အဖြေတစ်ခုဖြစ်ပြီး အာဏာရှင်စနစ်ပျက်သုဉ်းရေးကို ဆောင်ရွက်ဖို့  ရှမ်းအရပ်ဘက်အဖွဲ့တွေကထုတ်ပြန်ပါတယ်။ 

ဒီနေ့ကျရောက်တဲ့ ရှမ်းအမျိုးသားနေ့ကို ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ကျင်းပနေတာဖြစ်ပြီး NCA ငြိမ်းချမ်းရေးကျောက်တိုင်ကိုလည်းဖွင့်လှစ်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ဝမ်ဟိုင်းဒေသမှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်က SSPP/SSA က ရှမ်းအမျိုးသားနေ့ကျင်းပနေ့ ကျင်းပနေကြတာဖြစ်ပါတယ်။

ရှမ်းနီဒေသမှာလည်း ရှမ်းနီကျောင်းသား/သူများက ဦးဆောင်ပြီး ရှမ်းအမျိုးသားနေ့ကိုကျင်းပနေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *