ရှမ်းနီတိုင်းရင်းသားတို့၏ ရိုးရာပုံပြင်များကို မှတ်တမ်းတင် ထိန်းသိမ်းရန်ဖိတ်ခေါ်

စက်တင်ဘာ ၂ ၊ စစ်ကိုင်း 

ရှမ်းနီတိုင်းရင်းသားတို့၏ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည့် ရိုးရာပုံပြင်များကို မှတ်တမ်းတင်ထိန်းသိမ်းရန်အတွက် ရှမ်းနီအမျိုးသား ညီညွတ်ရေးအစည်းအရုံး စတင်နေပြီဖြစ်ကြောင်း သိရသည်။ 

၎င်းတို့အဖွဲ့အနေဖြင့် လက်တွေ့တွင် ကွင်းဆင်းမှတ်တမ်းတင်ရန်အခက်အခဲရှိနေသဖြင့် လူမှုကွန်ရက်စာမျက်နှာများ ၊ ဖုန်းအဆက်အသွယ််များ ၊ အီးမေလ်များဖြင့် ဆက်သွယ်ပြီး ဒေသခံလူထုများက ပေးပို့ပေးကြပါရန် ဖိတ်ခေါ်ထားသည်။ 

ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံးက စာပေယဉ်ကျေးမှု နှင့် သမိုင်းသုတေသနကော်မတီ ဖွဲ့စည်းပြီး ရှမ်းနီတိုင်းရင်းသားတို့၏ သမိုင်း ၊ စာပေယဉ်ကျေးမှုများ ၊ ဓလေ့ထုံးတမ်းများကို မှတ်တမ်းတင်မှုများ ၊ သုတေသနပြုခြင်း ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ 

ထိုမှတ်တမ်းတင်မှုအားဖြင့် ရှမ်းနီိတိုင်းရင်းသားတို့၏ အကြောင်းများကို ပြည်တွင်းပြည်ပက တွင်ကျယ်စွာသိရှိလာနိုင်ကြမည့်အပြင် ၊ သုတေသနပြုလိုသူများအတွက်လည်း အထောက်အကူပြုနိုင်မဖြစ်သည်ဟု ၎င်းတို့၏ ဖိတ်ခေါ်စာတွင် ပြောဆိုထားသည်။ 

ရှမ်းနီတိုင်းရင်းသားတို့သည် မြန်မာပြည်မြောက်ပိုင်းတွင် နှစ်ပေါင်းများစွာကတည်းက နေထိုင်လာခဲ့ကြသည့် ဌာနေလူမျိုးစုတစ်ခုဖြစ်သည်။​

Leave a Reply

Your email address will not be published. Required fields are marked *