သျှမ်းနီတိုင်းရင်းသားတွေဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည့်အလျောက် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေ အရုဏ်ဆွမ်းကို အချိန်မီ ဘုန်းပေးနိုင်ဖို့ နေ့စဥ် မနက်စောစော ဘုန်းတော်ကြီးကျောင်းကို ဆွမ်းပို့လေ့ ရှိကြပါတယ်။ဆွမ်းပို့ဟုဆိုရာမှာ ဆွမ်းပို့ချည်းသက်သက်မဟုတ်ဘဲ သက်ကြီးရွယ်အို လူလတ် ကလေးအပါအဝင် ငါးပါးသီလ ခံယူပြီးမှသာ အိမ်ပြန်ကြပါတယ်။
လယ်ယာလုပ်ငန်းမအားလပ်သူတွေတော့ ငါးပါးသီလ မခံယူဘဲ ဆွမ်းပို့ပြီး ပြန်ကြသည်များလည်း ရှိကြပါတယ်။ ယနေ့ခေတ်မှာတော့ ယခုလို အပြုအမူ ဓလေ့မျိုးကို ကျေးလက်ဒေသတွေမှာသာ တွေ့နိုင်ပါတော့တယ်။မြို့ပြအပါအဝင် မြို့တွေနဲ့ နီးတဲ့ကျေးရွာတွေမှာတော့ ဆွမ်းတောင်းနဲ့ ဆွမ်းပို့တဲ့ဓလေ့တွေအစား စတီးချိုင့်တွေနဲ့သာ လက်ဆွဲပြီး ပို့ကြပါတော့တယ်။
တစ်နည်းအားဖြင့် မိခင်သျှမ်းနီဘာသာစကားကို မပြောကြတော့သည့် ကျေးရွာတွေမှာ စတီးချိုင့်တွေနဲ့ လက်ဆွဲပြီး ဆွမ်းပို့ကြတာကို အတွေ့ များပါတယ်။ချစ်စရာကောင်းတဲ့ ရိုးရာယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းသွားဖို့ ရှမ်းနီလူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။