နိုဝင်ဘာ ၂၁ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီရဲ့ ဗဟိုဌာနချုပ် ကို ဟုမ္မလင်းမြို့မှာ မနေ့က နိုဝင်ဘာလ ၂၀ ရက်နေ့မှာဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ပါတီဗဟိုဌာနာချုပ်ရုံးကို ဟုမ္မလင်းမြို့ ၊ နောင်ပကျစ်ရပ်ကွက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ပါတီရဲ့ ပြန်ကြားရေးထံမှ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ငါးခုမှာ ပါတီရုံးခန်းဖွင့်လှစ်ဖို့အတွက် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီ (SSP)က ပြင်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဗဟိုဌာနချုပ်ရုံး၊ ခရိုင် နှင့် မြို့နယ်ရုံးကို ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။
SSP ပါတီရုံခန်းဖွင့်လှစ်ဖို့အတွက် ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်၊ တမူး၊ မုံရွာ စတဲ့မြို့နယ်တွေမှာ ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပြီး ဗန်းမောက်မြို့နယ်အတွင်းမှာတော့ စစ်ရေးအခြေအနေတွေကြောင့် ဖွင့်လှစ်နိုင်မယ့်အနေအထား အလွန်နည်းနေသေးကြောင်း SSP ပါတီ ဥက္ကဌ က ရှမ်းနီအသံကို ပြောဆိုထားပါတယ်။
သိရပါတယ်။
ဟုမ္မလင်းမြို့မှာ SSP ပါတီဗဟိုဌာနချုပ် အပြင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် စတဲ့ သုံးခုကိုထားရှိပြီး ဗဟိုဌာနချုပ်နှင့် ခရိုင်အဆင့်မှာ အဖွဲ့ဝင် (၁၅) ဦး ၊ မြို့နယ်အဆင့်မှာ အဖွဲ့ဝင် (၁၉)ဦး တို့ဖြင့်ဖွဲ့စည်းထားကြောင်း သိရပါတယ်။
SSP ပါတီဟာ ၂၀၁၅ ခုနှစ်မှာ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီကနေ ပါတီအမည်ပြောင်းထားတာဖြစ်ပါတယ်။