ရှမ်းနီ(တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး စစ်ကောင်စီ၏ အိမ်စောင့်အစိုးရ တွင် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာ

ဩဂုတ် ၁ ၊ နေပြည်တော်

ရှမ်းနီ(တိုင်းလျှန်)  သွေးစည်းညီညွတ်ရေးပါတီ (SSP) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းနိုင်နိုင်ကျော်သည် စစ်ကောင်စီ၏ အိမ်စောင့်အစိုးရတွင် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာကြောင်း သိရသည်။ 

ယနေ့ ဩဂုတ်လ (၁) ရက်နေ့တွင် စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းကြောင်းကြေညာခဲ့သည်။ 

၎င်းအဖွဲ့၏ တိုင်းနှင့်ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၊ လူမှုရေးဝန်ကြီးဌာန ၊ သယံဇာတရေးရာဝန်ကြီးဌာန၊ စီးပွားရေးဝန်ကြီးဌာန ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန (၆ )ခုဖြင့် ဖွဲ့စည်းခဲ့သည်။ 

ဦးစိုင်းနိုင်နိုင်ကျော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွတ်တော် အမှတ်(၅)တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည်။ 

၎င်းသည် ဟုမ္မလင်းမြို့နယ် ဇာတိဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့စစ်တပ်ထဲသို့ဝင်ရောက်ခဲ့ပြီး ခြေလျင်တပ်စုမှူး ၊ တပ်ခွဲမှူးတာဝန်များ နှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေရုံးချုပ်တွင် စစ်ဥပဒေအရာရှိ စသည့်တာဝန်များထမ်းဆောင်ခဲ့သူဖြစ်သည်။ 

၂၀၀၁ ခုနှစ်တွင် ဆေးပင်စင်ရယူပြီးနောက် ဟုမ္မလင်းမြို့နယ်အတွင်း ပါရမီလူမှုကူညီရေးအသင်း ၊ သီတဂူစက္ခုဒါနဆေးရုံတော် ၊ချင်းတွင်းဥရု ရှမ်းနီလူငယ်များကွန်ရက် စသည်တို့တွင်ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်နေသည်။ 

ဟုမ္မလင်းမြို့နယ် Covid19 ရောဂါပိုးကုသကာကွယ်ရေးလုပ်ငန်းများတွင်လည်း ဦးဆောင်သူအဖြစ်ပါဝင်ဆောင်ရွက်နေကြောင်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *