ရှမ်းနီဒေသတွေမှာ သတင်းတစ်ခုရယူဖို့ မလွယ်ကူပေ

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ၊ အင်တာနက်နှင့်ဖုန်းလိုင်းများ ပြတ်တောက်နေမှုများ ၊ လက်နက်ကိုင် တိုက်ပွဲများကြောင့် သတင်းတစ်ခုရယူနိုင်ရေးမလွယ်ကူလှသည့်အခြေအနေဖြစ်ပါသည်။ 

ရှမ်းနီအသံသတင်းတစ်ပုဒ်၏ တန်ဖိုးသည် တိကျမှန်ကန်မှု ၊ တာဝန်ယူ၊တာဝန်ခံမှု နှင့် ယုံကြည်စိတ်ချရမှုများပေါင်းစပ်ပါဝင်သည်။ မြေပြင်နှင့်အနီးစပ်ဆုံးနေရာတွင်ရှိနေပြီး ရှမ်းနီတိုင်းရင်းသားတို့၏အသံ ၊ ရှမ်းနီဒေသတွင်းရှိ ဒေသခံများနှင့် တိုင်းရင်းသားတို့၏အသံကို အမြဲနားစွင့်ကာ နေ့စဉ်ဖြစ်ပျက်နေသည့်သတင်းများကို ရေးသားတင်ဆက်လျက်ရှိနေသည်။ ရှမ်းနီအသံအနေဖြင့် စာသားသတင်းများအပြင် ဘက်စုံမာတီမီဒီယာများမှ တဆင့် တင်ဆက်ပေးနေပါတယ်။ 

ရှမ်းနီအသံကိုလည်း ဒေသခံများ လက်လှမ်းမှီနိုင်မည့် ပလပ်ဖောင်း အမျိုးမျိုးမှာ တင်ဆက်လျက်ရှိနေသည်။ 

ရှမ်းနီအသံတွင်  နေ့စဉ်သတင်းများအပြင် လက်ရှိ  ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာနေ့များတွင် တင်ဆက်နေသည့် Podcast အစီအစဉ်  ၊ အပတ်စဉ်  အတွေးအမြင်နှင့် ယဉ်ကျေးမှုဆောင်းပါးများ ၊ ရှမ်းနီဒေသ၏ လူမှုဘဝစုံစုံကို ဖော်ပြနေသည့် “ ရှမ်းနီမြေမှာ “ လူမှုဘဝရုပ်သံ အစီအစဉ်များ ၊ သဘာဝပတ်ဝန်းကျင် ရုပ်သံများ၊  ရှမ်းနီဘာသာစကားများကို လေ့လာနိုင်သည့် အစီအစဉ်များ နှင့်  အသိပညာပေးဆောင်းပါးများကို တင်ဆက်လျက်ရှိနေပါသည်။

ရှမ်းနီအသံ၏ ထုတ်ကုန်များကို အောက်ပါလင့်များတွင် ဝင်ရောက်လေ့လာနိုင်ပြီး Follow, Subscribes & Share ပြုလုပ်ပေးခဲ့ဖို့ မေတ္တာရပ်ခံပါသည်။ 

ဝက်ဆိုဒ်စာမျက်နှာ https://www.shannivoice.com/

Youtube စာမျက်နှာ https://www.youtube.com/@shannivoice3092

Telegram စာမျက်နှာ https://t.me/shannivoice

TikTok စာမျက်နှာ >>>>>>>>> https://www.tiktok.com/@tvsnv

Leave a Reply

Your email address will not be published. Required fields are marked *