ဖေဖော်ဝါရီ ၁၁ ၊ မန္တလေး ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မန္တလေးမြို့တွင် တိုင်းရင်းသားပေါင်းစုံ စုပေါင်းပြီး စစ်အာဏာရှင်ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွင် ရှမ်းနီလူငယ်အဖွဲ့ချုပ်က သပိတ်စစ်ကြောင်းတစ်ခုဖြင့် ပါဝင်ခဲ့သည်။
ထိုစုပေါင်း ဆန္ဒထုတ်ဖော်ပွဲတွင် ရှမ်းနီ ၊ ရှမ်း နှင့် တခြားသော တိုင်းရင်းသားများပါဝင်ခဲ့ကြသည်။
ယနေ့နံနက်ပိုင်း ၉ နာရီမှ မန္တလေးမြို့ ၃၅ လမ်းရှိ ရှမ်းတိုင်းရင်းသားသာရေး/နာရေးမှ ၇၈ လမ်း ၊ လမ်း ၃ဝ မှ ၆၆ လမ်းထိ စီတန်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။