ရှမ်းနီလူထုဒုက္ခရောက်မယ့်အခြေအနေနဲ့ပျက်စီးမယ့်အန္တရာယ်မဖန်တီးဖို့ SNA ဆို

နိုဝင်ဘာ ၁၇ ၊ ဟုမ္မလင်း 

ရှမ်းနီဒေသတွင်းမှာ  ရှမ်းနီလူထု ဒုက္ခရောက်မယ့်အခြေအနေနဲ့ ပျက်စီးမယ့် အန္တရာယ်တွေ မဖန်တီးဖို့ ရှမ်းနီအမျိုးသားများတပ်မတော် SNA က သတိပေးတိုက်တွန်းချက်စာထုတ်ပြန်လိုက်ပါတယ်။ 

လတ်တလောရှမ်းနီဒေသတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ  ရှမ်းနီလူငယ်တွေအချင်းချင်း သွေးချောင်းစီးမယ့် စစ်သလင်းအဖြစ် ဖန်တီးနေကြတာတွေ့မြင်နေရတယ်လို့ SNA က ဆိုပါတယ်။​

ရှမ်းနီဒေသတွင်းမှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ ရှမ်းနီလူမျိုးအချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ 

ရှမ်းနီအမျိုးသားများ အနာဂတ်မှာ ဖွံဖြိုးတိုးတက်ရေး နဲ့ ရှမ်းနီပြည်နယ် တည်ဆောက်ရေးအတွက် အားလုံးစည်းစည်းလုံးလုံးပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း အလေးအနက်တိုက်တွန်းတယ်လို့ဆိုပါတယ်။ 

လတ်တလောရှမ်းနီဒေသတွင်းက ဟုမ္မလင်းမြို့နယ်အတွင်းက ပင်ခုတ်ကျေးရွာအနီးမှာ  SNA နဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ရှမ်းနီဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်ရတာ၊ စီးပွားရေးခက်ခဲတာအပြင် အမျိုးသားရေး၊ လူမှုရေး နဲ့ ဘာသာရေး အဘက်ဘက်က ထိခိုက်နစ်နာမှုများစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *